မုန်လာဥကို ဟင်းချိုချက်စားဖူးတာကတော့ အမြဲအိမ်မှာတွေ့နေကျနေမှာပါ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ မုန်လာဥဖြူကို အသုပ်လေးဖြစ်အောင် သုပ်စားကြည့်ကြမယ်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥ – ၁ ဥ
  • ကြက်သွန်နီ – ၂ လုံး (ပါးပါးလှီးထားပါ)
  • မြေပဲလှော် (မညက်တညက် ထောင်းထားပါ)
  • နှမ်းလှော် – အနည်းငယ်
  • ကြက်သွန်နီဆီချက်
  • ငရုတ်သီးစိမ်း – ၃ တောင့်
  • နံနံပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီကြော် – အနည်းငယ်
  • ဆား – အနည်းငယ်
  • သံပုရာသီး – တခြမ်း
  • ငရုပ်ခြောက်တောင့်ကြော်

ပြုလုပ်နည်း

  1. မုန်လာဥကို အခွံခွါပြီး ဂျစ်နဲ့ ထိုးပါ ။
  2. ခြစ်ထားသော မုန်လာဥကို ရေတဲတွင် ဆားထည့်ရျ် စိမ်ထားပါ ။
  3. စားခါနီးမှ လက်နဲ့ဆုပ်ပြီး ရေစင်အောင် ညှစ်ပြစ်ပါ ။
  4. မုန်လာဥသုတ်မည့် ပန်းကန်ထဲတွင် ခြစ်ထားသော မုန်လာဥ ၊ ကြက်သွန်နီ ၊ နှမ်းလှော် ၊ မြေပဲလှော်ထောင်း ၊ ကြက်သွန်နီဆီချက် ၊ နံနံပင် ၊ ငရုတ်သီးစိမ်း ၊ အချိုမှုန့်တို့နဲ့ အတူ သံပုရာသီး တခြမ်းညှစ်ပြီး သုတ်စားလို့ ရပါတယ် ။
  5. အရသာ အပေါ့အငံမြည်းရျ် ကြက်သွန်နီကြော် ကို မုန်လာဥသုတ်ပေါ်မှ ဖြူးရျ် ငရုပ်ခြောက်တောင့်ကြော်နှင့်လည်း တွဲဖက်ရျ် သုံးဆောင်နိုင်ပါပြီ ။

MyFood Myanmar