မုန်လာဥ အမျိုးအစားများ

Share this on:

မုန်လာဥလို့ ခေါ်တဲ့ မုန်လာမျိုးဟာ မြန်မာနိုင်ငံမှာ အစိုက်များပြီး ချဉ်ရည်အဖြစ် စားကြတဲ့ မုန်လာဥမျိုးဖြစ်ပါတယ်။ မုန်လာဥဟာ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်း၊ ခါးဥဖြူ တို့နဲ့ အတူ ကရူစီဖာရီးမျိုးရင်းတွင် ပါဝင်ပြီး ရုက္ခဗေဒ အမည်ကတော့ ရက်ဖာနပ်စတီဗပ် ဖြစ်ပါတယ်။ စပ်ရှားရှား အရသာရှိပြီး ချဉ်ရည်ချက်စားကြသလို သုပ်စား၊ ကြော်စားလို့လည်း ရတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ဒီမုန်လာဥကတော့ မုန်လာဥဖြူပါ။ မုန်လာဥမှာ အဖြူ၊ အနီ၊ အ၀ါဆိုပြီး ၃မျိုး ရှိပါတယ်။

fresh white radishes on a white background
မုန်လာဥဖြူကို တရုတ်နိုင်ငံမှာ ခရစ်မပေါ်မီ နှစ်ပေါင်းအတော်ကြာကတည်းက စိုက်ပျိုးခဲ့ကြပါတယ်။ အာရှတိုက်မှာ အစိုက်များတဲ့ မုန်လာဥမျိုးကို တရုတ်မုန်လာဥလို့ ခေါ်ပါတယ်။ မုန်လာဥပင်ဟာ တစ်နှစ်ခံ အပင်ဖြစ်ပြီး မုန်ညင်းရွက်လိုမျိုး အရွက်များနဲ့ ဖူးပွနေတဲ့ အမြစ်များ ရှိပါတယ်။ အဲ့ဒီ အမြစ်ကိုပဲ မုန်လာဥလို့ ခေါ်ကြတာပါ။ လူတွေ အဓိကထား စားတဲ့ အပိုင်း ဖြစ်ပါတယ်။ မုန်လာဥကိုသာမက အရွက်နဲ့ အဖူးများကိုလည်း ချက်ပြုတ်စားလို့ ရပါတယ်။  မုန်လာဥကို အနောက်နိုင်ငံတွေမှာ နွေကူးရာသီအစလောက်ကတည်းက စပြီး စိုက်ပျိုးကြလေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ မုန်လာဥမျိုးကို အစေ့စိုက်ပြီးနောက် တစ်လကျော်ခန့်လောက်ဆို ဥတွေကို စားနိုင်ပါပြီ။

မုန်လာဥနီကတော့ သကြားမုန်လာလို့ အသိများပြီး ခါကြက်ဥလို့လည်း ခေါ်ကြပါတယ်။ မုန်လာဥနီဟု ခေါ်သော်လည်း မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ မုန်ညင်းတို့နဲ့ မျိုးရင်းချင်း မတူတဲ့အပြင် မုန်လာဥ၀ါနဲ့လည်း မျိုးရင်းချင်း မတူချေ။ မုန်လာဥနီပင်သည် မူလက ကက်စပျန်ပင်လယ်ဒေသှာ အလေ့ကျပေါက်ပါတယ်။ ရှေးနှစ်ပေါင်း နှစ်ထောင်လောက်ကတည်းက လူတို့ အစာအဖြစ် စိုက်ပျိုး လာခဲ့ကြတာပါ။ မုန်လာဥနီပင်၏ အဖြူရွက်စိမ်းကြီးများ ထူပြီး အရည်ရွှမ်းပါတယ်။

Carrot1
မုန်လာဥနီဟာ ၂နှစ်ခံပင်မျိုး ဖြစ်ပြီး ၂နှစ် သို့မဟုတ် ၂ရာသီ အသက်ရှင်တဲ့ အပင်မျိုး ဖြစ်ပါတယ်။ အစေ့တွေကို စိုက်ပျိုးပြီးနောက် ရက်ပေါင်း ၇၀ အတွင်းတွင် ဥတွေကို စားနိုင်ပါတယ်။ မုန်လာဥနီပင်တွေကို စိုက်ပျိုးရာမှာ ဥတွေကို မထိမနာအောင် ပြောင်းရွှေ့စိုက်ရန် မဖြစ်နိုင်တာကြောင့် စိုက်ခင်းတွေကို ကောင်းကောင်း ဂရုစိုက်ပြုပြင် ရပါတယ်။ မြန်မာနိုင်ငံမှာ မုန်လာဥနီပင်တွေကို ဟင်းသီးဟင်းရွက်ပင် တစ်မျိုး အဖြစ်ဖြင့်သာ စိုက်ပျိုးကြပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ဟင်းသီးဟင်းရွက်ပင် တစ်မျိုးအဖြစ်လည်းကောင်း၊ တိရစ္ဆာအစာအတွက် လည်းကောင်း စိုက်ပျိုးကြပါတယ်။

မုန်လာဥနီအရွက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ် အမြောက်အမြား ပါရှိရာ၊ ဥမှာထက် အာဟာရဓာတ် ပိုပြီးများပါတယ်။ ဖျော်ရည်အဖြစ် သောက်သုံးကြသလို သုပ်စား။ အစိမ်းစား စားသုံးကြပါတယ်။

Solar-Yellow
မုန်လာဥ၀ါပင်ကတော့ အယ်ဗယ်လီဖာရီး မျိုးရင်းမှာ ပါဝင်ပြီး အခြား မုန်လာတွေနဲ့ မျိုးရင်းချင်း မတူချေ။ မုန်လာဥ၀ါမှာ အမျိုးပေါင်း ၂၀ခန့် ရှိပြီး မူလပေါက်ရောက်ရာဒေသမျမှာတော့ မြေထဲပင်လယ် နိုင်ငံတွေပဲ ဖြစ်ပါတယ်။ လူတို့ အသုံးများတဲ့ မုန်လာဥ၀ါကတော့ ၂နှစ်ခံ အပင်ဖြစ်ပြီး ကမ္ဘာဟောင်း မြောက်သမပိုင်းဒေသတွေမှာ အလေ့ကျ ပေါက်ပါတယ်။

မုန်လာဥ၀ါမှာ သကြားဓာတ် အလွန်ကြွယ်ဝသည့်အပြင် သံဓာတ်များစွာလည်း ပါဝင်ပါတယ်။ ကလေးတွေ အတွက် အဖိုးတန်တဲ့ အစာဖြစ်သလို ဗီတာမင်အေနဲ့ ဘီ1  လည်း အများအပြား ပါဝင်ပါတယ်။ ဗီတာမင် ဘီ2 နဲ့ ဗီတာမင်စီဓာတ်တို့လည်း အနည်းငယ်စီ ပါဝင်ပါတယ်။ မုန်လာဥ၀ါမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်တွေဟာ မျက်စိအတွက် ကောင်းမွန်ပြီး ကြက်မျက်စိရောဂါကို ကာကွယ်နိုင်ပါတယ်။ မုန်လာဥ၀ါကို အစိမ်းဖြစ်စေ၊ ပြုတ်ပြီးဖြစ်စေ၊ သုပ်၍ဖြစ်စေ စားသုံး ကြပါတယ်။ ဂျာမနီနိုင်ငံတွမှာတော့ မုန်လာဥ၀ါကို ကျွတ်အောင် လှော်ပြီး ညက်အောင် ကြိတ်ပြီး ကော်ဖီအစား အသုံးပြုကြပါတယ်။

Credit: wiki

Review

User Rating

4 (4 Votes)