မုန့်ကျွဲသည်း က အနည်းငယ် လက်ဝင်ပေမယ့် လုပ်ရတာ မခက်ခဲလှပါဘူး။

ပါဝင်ပစ္စည်း

  • ဆန်မှုန့်
  • ထန်းလျက်ရည်
  • ဆား
  • ထုံးရည်ကြည်
  • အုန်းသီး အမျှင်ခြစ်

Source: tasteofthai.ru

ပြုလုပ်နည်း

ရေလက် တစ်ဆစ်ခန့် ဆန်မှုန့် တွေကို ဖျော်ပြီး မီးအေးအေးမှာ စတင်ကျိုပါ။

အရည် ပျစ်လာလျှင် အခြား အိုးတစ်လုံး ထဲကို ဇကာနှင့် စစ်တိုက်ချပါ ။ (မမွှေမိသော ဆန်ထုံး(အခဲ) များ ကင်းရှင်းစေရန်)

ထိုအိုးထဲသို့ ထန်းလျက်ရည် ၊ ဆား ၊ ထုံးရည်ကြည်တွေကို ပေါင်းထည့်ပြီး ဆက်ကျိုပေးပါ ။ စေးပျစ် လာလျှင် ဗန်းတစ်ခု ထဲမှာလောင်းချပြီး အအေးခံထားပါ။

မိမိနှစ်သက် သလို အတုံးငယ်လေးတွေ တုံးကာ အုန်းသီးအမျှင် ခြစ်လေးတွေ ဖြူးကာ သုံးဆောင်ပါ။

Credit: Original