မုန့်ဖတ်ကိုတော့ မုန့်တီ၊ မုန့်ဟင်းခါးတို့မှာ စားတော့စားဖူးမှာဆိုပေမယ့် ဒီလိုမျိုးလေးတော့ မစားဖူးလောက်ဖူးထင်ပါတယ်နော်။ မုန့်ဖတ်ကိုမှ ရိုးရိုးသုပ်တာမဟုတ်ဘဲ ထောင်းပြီးတော့မှ အရသာကို ချဉ်ငံစပ်လေးလုပ်ထားတော့ ခံတွင်းလိုက်မှာ အသေချာပါ။

ပါဝင်ပစ္စည်းများ

  • မုန့်တီဖတ် – ၁၀သားခန့်
  • ငရုပ်သီးစိမ်း – .၅တောင့်
  • ကြက်သွန်ဖြူ – ၃တက်
  • ပုဇွန်ခြောက်
  • ထမင်းစား – ၂ဇွန့်ခန်

  • ပဲသီး – ၃တောင့်ခန့် (လက်တစ်ဆစ်ခန့် ဖြတ်ထားပါ)
  • မြေပဲလှော် – ၅ ကျပ်သားခန့်
  • ငံပြာရည် – ထမင်းစားဇွန်း.၂ဇွန်း
  • သကြား (သို့) အချိုမှူန် – ဇွန်းဝက်
  • သံပုရာသီး – ၂လုံး ၊ ခရမ်းချဉ်သီး

ပြုလုပ်နည်း

၁။ ငရုပ်ဆုံထဲ ငရုပ်သီး၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူများ ညက်အောင်ထောင်းပါ။ မြေပဲ၊ ငံပြာရည်၊ သကြား၊ သံပုရာသီး ညှစ်ထည့်ပြီး နောက်ဆုံးမှ မုန်တီဖတ်ထည့်ကာ ခပ်ဖွဖွလေးထောင်းပါ။

၂။ အပေါ့အငံ မြည်းပြီး ပန်းကန်ထဲ ထည့်ကာ သုံးဆောင်နိုင်ပါပြီ။ အချဉ် မကြိုက်လျှင် သံပုရာသီး တစ်လုံးသာထည့်ပါ။ ခရမ်းချဉ်သီး ကြိုက်ပါက တစ်လုံးခန့် ၄ စိတ်စိပ်ကာ ထည့်ထောင်းနိုင်ပါတယ်။

Credit: Thida Lay Lay