အားရက်များမှာ လုပ်စားဖို့ မုန့်လင်မယား လုပ်နည်းမျှဝေလိုက်ပါတယ်။ အကောင်းဆုံးက ဆန်ကြမ်းကို ရေစိမ်၊ ကြိတ်ဆုံမှာ ကြိတ်ပြီး လုပ်တဲ့နည်းက အလွန်ကောင်းမွန်ပေမဲ့ ခုချိန်မှာ အရံသင့်သုံး ဆန်မှုန့် နှင့် ပြုလုပ်လို့ ရပါပြီ။

ပါဝင်ပစ္စည်းများ

  • ဆန်မှုန့်စိမ်း – ၁၀ ဇွန်း (ထမင်းစားဇွန်း)
  • ကုလားပဲအစိမ်းမှုန့် – ၂ ဇွန်း (ထမင်းစားဇွန်း)
  • ရေ – ၆ ခွက်(သို့) ၁ လီတာခန့်
  • ဆား – ၁ ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း)
  • စားဆိုဒါမှုန့် – ပါသည်ဆိုရုံ
  • ဟင်းခတ်မှုန့် – အနည်းငယ်
  • ကြက်သွန်မြိတ် – ၅ ပင်
  • နံနံပင် – အနည်းငယ်
  • စားတော်ပဲပြုတ်
  • ငုံးဥ
  • နှမ်းထောင်း

ပြုလုပ်နည်း

ဆန်မှုန့် ၊ ပဲစိမ်းမှုန့် ၊ စားဆော်ဒါမှုန့်.၊ ဆားတို့ကို သမအောင် ရောမွှေပြီး ရေကို အနည်းငယ် စီထည့်ကာ ဆန်မှုန့် ၊ ပဲမှုန့် တို့ကို အခဲများ မဖြစ်အောင် မွှေပေးပါ။

ဟင်းခတ်မှုန့် ၊ ကြက်သွန်မြိတ် ၊ နံနံပင်တို့ကို ရောထည့်ပြီး သမအောင် မွှေပေးပါ။ မုန့်လုပ်ရန် မုန့်နှစ်ရည် အဆင်သင့် ဖြစ်ပါပြီ။ မုန့်လုပ်အိုးကို မီးပြင်းပြင်း အပူပေးပါ။ ခွက်ငယ်များကို ဆီသုတ်ပေးပါ။ အိုးပူ ၊ ဆီပူလာလျှင် မုန့်နှစ်ရည် လောင်းထည့်ပါ။

မုန့်တစ်ဝက်ခန့် ကျက်ချိန်လောက်တွင် ပဲပြုတ်ဖြူးရျ် ဇွန်းပါးလေးနဲ့ မုန့်ကို ကော်ပေး ၊ ရွေ့ပေးရပါမယ် ။ ထိုအချိန်မှာ ပဲဆီ အနည်းငယ် သုတ်ပေးပါမှ ကြွပ်နေတဲ့ မုန့်ကို ရရှိမှာဖြစ်ပါတယ်။

ငုံးဥကြိုက်လျှင် မုန့်သား အနည်းငယ် ခမ်းလျှင် အလုံးလိုက် ဖောက်ထည့် (သို့) ခေါက်မွှေထားပြီး ထည့်နိုင်ပါတယ်။

အကျက်မလွန်ခင် ဇွန်းပါးလေးနဲ့ ကော်ထုတ်ပြီး အခြား မုန့်သား တစ်ခုပေါ်ကို မှောက်တင် ပေးရပါမယ်။ ( အရမ်းကျက်မှ ကော်တင်ရင် မုန့်သား အနားသားများ တစ်ခုနှင့် တစ်ခု ကပ်မသွားတော့ပါ။

မုန့် ၂ ဖက်လုံး ရွှေအိုရောင် ဖြစ်လျှင် ဆယ်ထုတ်ပြီး နှမ်းထောင်း ဖြူးကာ သုံးဆောင်နိုင်ပါပြီ။

Credit: Original Uploader