မုန့်ဟင်းခါး အကြောင်း သိကောင်းစရာ (History of Monhinga)

Share this on:

မြန်မာ့ရိုးရာ အစားအစာ တစ်မျိုးဖြစ်သော မုန့်ဟင်းခါးသည် အချဉ်ဖေါက် ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ် (မုန့်ဖတ်) လေးများ နှင့် ငါးဖြင့်အဓိက ချက်လုပ်သော ဟင်းခါးရည် တို့ကို အတူတွဲဖက်

 

စားသုံးရသည့် သာရေစာ တစ်မျိုးဖြစ်သည် ။   မုန့်ဟင်းခါးအား မြန်မာနိုင်ငံ၏ အမျိုးသား စားဖွယ် အဖြစ် အချို့က ယူဆကြသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့၊ ရွာတိုင်း တွင် မုန့်ဟင်းခါး ရောင်းခ

 

ျ ကြပြီး နံနက်စာ မှ နေ့လည် နေ့ခင်း အစာပြေ အပြင၊် ညလည်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားသုံး လေ့ရှိကြသည် ။

ထို့အပြင် မုန့်ဟင်းခါးသည် အာဟာရအားဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ် နှင့် ဓာတ်ဆားများ ပါဝင်ပြီး ချက်ပုံ ချက်နည်း ရိုးရှင်းလွယ်ကူ သည့်အပြင် စရိတ်ပါ သက်သာ သောကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်သော အစား အစာ လည်းဖြစ်သည် ။

 

 

သမိုင်းကြောင်း

ရှေးမြန်မာ့သမိုင်း တစ်လျှောက်တွင် မုန့်ဟင်းခါး နှင့်ပတ်သတ်၍ ကျောက်စာ ၊ ပေစာများဖြင့် မှတ်တမ်းတင် ခဲ့ခြင်း မရှိသဖြင့် မုန့်ဟင်းခါး ပေါ်ပေါက်ရာ ဇာတိ နှင့် ခေတ်ကာလအား သိရှိရန် များစွာ ခက်ခဲလှသည် ။   မုန့်ဟင်းခါးအား အစောဆုံး အထောက်အထား ဖြင့် တွေ့ရှိရသည့် နေရာမှာ ကုန်းဘောင်ခေတ် စာဆို ဦးပုည၏ လင်္ကာများ အနက်မှ တစ်ခုတွင် ဖြစ်ပြီး “မုန့်ဟင်း”ဟု သုံးနှုန်းခဲ့သည် ။   ယနေ့တိုင် အချို့ဒေသများတွင် မုန့်ဟင်းခါးအား “မုန့်” “မုန့်ဟင်း” အစရှိ သဖြင့် ခေါ်ဝေါ် လျှက်ရှိဆဲ ဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါး ပေါ်ပေါက်ပြီး ဖြစ်သည်ဟု ယူဆကြသည် ။   တဖန် ပျူမြို့ဟောင်းများ တူးဖေါ်ရာတွင် ဆန်မှုန့်နှင့် အချဉ်ဖေါက် ပြုလုပ်သော ကိရိယာ အများအပြား တူးဖေါ် ရရှိခဲ့သောကြောင့် ထမင်း အစားထိုး  ၊ ဆန်ဖြင့် ပြုလုပ်သည့် မုန့်နှင့် မုန့်ဟင်းခါး ပေါ်ပေါက်နေခဲ့ နိုင်ကြောင်း ကောက်ချက် ဆွဲကြသည် ။   ထို့အပြင် မုန့်ဟင်းခါး သမိုင်းကို စနစ်တကျ သုတေသန ပြုရန် ကြိုးစားခဲ့သော ဒေါက်တာ ခင်မောင်ညွန့်၏ အဆိုအရ ၊ မုန့်ဟင်းခါး ချက်နည်းသည် ရှေးနန်းတွင်း ဟင်းချက်နည်း မျိုးစုံ စာရင်းတွင် ရှာမတွေ့ ခဲ့ခြင်းကြောင့် သာမန် အရပ်သား လူအများတို့ ၏အစားအစာ သာဖြစ် နိုင်ကြောင်း ။  ထို့ကြောင့် မည်သူတစ်ဦး တစ်ယောက်မျှ အရေးတယူ မှတ်တမ်း မတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည် ။

 

ယျေဘူယျအသုံးပြုသောပစ္စည်းများ

Syilwin2016-04-05 at 10.16.36 am

  • မုန့်ဖတ်
  • ငါးအဖြစ် (ငါးခူ၊ ငါးကျည်း ၊ ငါးကြင်း ၊ ငါးသလောက် ၊ ငါးရွှေ)အပြင် အခြားသော ငါးများလည်း အသုံးပြုလေ့ ရှိသည် ။   ငါးနှစ်မျိုး သို့မဟုတ် သုံးမျိုးစပ် အသုံးပြုခြင်းသည် ငါး တစ်မျိုးတည်း အသုံးပြုခြင်း ထက် ပိုကောင်းသည် ဟုဆိုသည်။  ငါးရှားပါးသော ဒေသများတွင် ကြက်သား ၊ အမဲသား တို့ကို အသုံးပြု လေ့ရှိသည်။
  • ဆီ
  • ငံပြာရည်
  • အချိုမှုန့်
  • ဆား
  • နနွင်းမှုန့်
  • ငှက်ပျောအူ
  • ဆန်လှော်မှုန့်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ပဲမှုန့်
  • ချင်း
  • ငရုတ်ကောင်း
  • စပါးလင်

အသုံးပြုသော ပစ္စည်း အမျိုးအစားများမှာ ချက်လုပ်နည်း အပေါ်တွင် လည်ကောင်း ဒေသအလိုက် ရရှိနိုင်မှု ပေါ်တွင် လည်ကောင်း မူတည်၍ ကွဲပြားလေ့ရှိသည် ။

 

တွဲဖက်စားသုံးလေ့ရှိသောပစ္စည်းများ

အကြော်စုံ 2016-04-05 at 10.23.29 am

  • အကြော်မျိုးစုံ(ပဲကြော် ၊ ဘူးသီးကြော် ၊ ငါးဖယ်ကြော် ၊ ကြက်သွန်ကြော် ၊ မန္တလေးပဲကြော်)
  • နံနံပင်
  • ရှောက်သီး၊ သံပုရာသီး
  • ပဲသီး
  • ခရမ်းချဉ်သီး
  • ငရုတ်သီးအလှော်မှုန့်
  • ကြက်သွန်မြိတ်
  • ကြက်ဥ၊ ဘဲဥ
  • ပဲသွေး
  • ငါးသလောက်ဥ
  • အီကြာကွေး

 

မော်လမြိုင်မုန့်ဟင်းခါး .2016-04-04 at 1.20.08 pm

 

ဒေသအလိုက်မုန့်ဟင်းခါးများ

ဆိုင်တိုင်းတွင် ဒေသချက်ဟန်ကို တပါတည်း ရေးထားလေ့ရှိသည် ။

မြန်မာနိုင်ငံ ဒေသ အသီးသီးတွင် ချက်လုပ်နည်းနှင့် အသုံးပြုသော ပစ္စည်းများ ကွဲပြားမှုကြောင့် အရသာ နှင့် အပြင်အဆင် လည်း အမျိုးမျိုး ကွဲပြား ကြသည် ။  အကြမ်းဖျင်း အားဖြင့် ရန်ကုန်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသဟန် မုန့်ဟင်းခါးများမှာ လူကြိုက် အများဆုံး ဖြစ်သည် ။

 

တောင်ငူ မုန့်ဟင်းခါး ရေကျဲ 2016-04-04 at 11.03.11 am

 

  • ရန်ကုန်မုန့်ဟင်းခါး
  • မြောင်းမြမုန့်ဟင်းခါး
  • ပုသိမ်မုန့်ဟင်းခါး
  • ဘိုကလေးမုန့်ဟင်းခါး
  • ဟင်္သာတမုန့်ဟင်းခါး
  • ဖျာပုံမုန့်ဟင်းခါး
  • အင်းလေးမုန့်ဟင်းခါး
  • တောင်ငူမုန့်ဟင်းခါး
  • ရခိုင်မုန့်ဟင်းခါး (အာပူလျှာပူ)
  • ထားဝယ်မုန့်ဟင်းခါး
  • တပင်တိုင်မုန့်ဟင်းခါး

 

မော်လလမြိုင် မုန့်ဟင်းခါး 2016-04-04 at 9.41.10 am

 

မုန့်ဟင်းခါး ယဉ်ကျေးမှု

မုန့်ဟင်းခါးသည် မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ဖြစ်သော အစားအစာ ဖြစ်သည့် အားလျော်စွာ နေရာ ၊ ဒေသ ၊ အချိန်အခါ မရွေး ရနိုင်သော အစားအစာ ဖြစ်သည် ။   နာမည်ကျော် ဆိုင်ကြီး ၊ ကနားကြီး များတွင် သာမက ၊ လမ်ဘေး ပလက်ဖေါင်း ပေါ်ရှိ ဆိုင်ငယ် များတွင်လည်းကောင်း ၊ ဆိုင်းထမ်း ၊ ခေါင်းရွက်ဗျတ်ထိုး ၊ လက်တွန်းလှည်း ၊ ဆိုက်ကား များဖြင့် လှည့်လည် ရောင်းချသူများ ထံတွင် လည်ကောင်း ဝယ်ယူ ရရှိနိုင်သည် ။   မြို့ကြီးအချို့ရှိ ကားဂိတ် ၊ သင်္ဘောဆိပ် ၊ ဘူတာရုံ အစရှိသည့် လူစည်ကားရာ အရပ်များတွင် ၂၄နာရီ ပတ်လုံး ရောင်းချသည့် ဆိုင်များ ရှိလေ့ ရှိသည် ။

ထို့အပြင် မုန့်ဟင်းခါးသည် လူမျိုး ၊ ဘာသာမရွေး စားသုံးနိုင်ခြင်းကြောင့် အလှူမင်္ဂလာ ၊ ဆွမ်းကျွေး ကဲ့သို့ သာရေး များမှ အသုဘရှု ၊ နာရေး အထိ မပါမဖြစ်သော အစားအစာ ဖြစ်သည် ။  ယခုအခါတွင် မုန့်ဟင်းခါးသည် မြန်မာလူမျိုးများ သွားရောက် အလုပ်လုပ်ကိုင်၊ အခြေချရာ စင်္ကာပူ၊ ထိုင်း၊ မလေးရှား ၊ ဂျပန် ၊ ကိုရီးယား ၊ ဗြိတိန် ၊ အမေရိကန် နှင့် အခြားကမ္ဘာ့ နိုင်ငံ အများအပြားသို့ မြန်မာများနှင့် အတူ ပျံနှံ့ ရောက်ရှိ လာခဲ့သည် ။  ထို့ကြောင့် ပြည်ပဈေးကွက် အတွက် အထူး ရည်ရွယ် ထုတ်လုပ်လာသော အသင့် ချက်ပြုတ်နိုင်သည့် မုန့်ဟင်းခါးခြောက်ထုတ် များလည်း ပေါ်ပေါက် လာခဲ့သည် ။

 

မြေပဲ.ငါးသလောက်.မုန့်ဟင်းခါး2016-04-04 at 10.30.43 am

History of Monhinga, Dr Khin Maung Nyunt

စားမြိန်ဝိုင်း၊ ဒေါ်အေးကြိုင်နှင့် ဒေါ်အမာနီ

Photo Credit: Ericmoon, LaeCooking, Syifoodgardens, Original

Review

User Rating

5 (2 Votes)