မုန့်အုပ်ကလေး (သို့) မုန့်လင်မယား

Share this on:

myan dessert 1Myan dessert,

ပါဝင်ပစ္စည်းများ

  • ဆန်မှုန့် - ၁၅၀ ဂရမ် (၁၀ကျပ်သား)
  • Tempura Flour - ၇၅ ဂရမ် (၅ ကျပ်သား)
  • ပဲစိမ်းမှုန့် - ၁ စားပွဲတင်ဇွန်း
  • စား ဆော်ဒါ - ၂ ငြုပ်ကောင်းစေ့ခန့်
  • ကြက်ဥ - တစ်လုံး
  • ဆား - အနည်းငယ်
  • အချိုမှုန့် (စားတတ်ရင်) အနည်းငယ်
  • ပဲပြုတ်
  • ငုံးဥ
  • ကြက်သွန်မြိတ်
  • နံနံပင်
  • ပဲစေ့ဆီ (သို့) နေကြာဆီ

မုန့်ရည်စပ်နည်း နှင့် ပြုလုပ်နည်း

  1. ဆန်မှုန့် ၁၅၀ ဂရမ် (၁၀ကျပ်သား) ၊Tempura Flour ၇၅ ဂရမ် (၅ ကျပ်သား) ၊ ပဲစိမ်းမှုန့်  ၁ စားပွဲတင်ဇွန်း ၊ စားဆော်ဒါ ၊ ကြက်ဥ၊ ဆား အနည်းငယ် ၊ အချိုမှုန့်(စားတတ်ရင်) အနည်းငယ်တို့ကို ရောပြီး ရေကျဲကျဲလေး ဖျော်ပြီး တစ်နာရီလောက် ထားလိုက်ပါ ။
  2. ပြီးရင် ပဲပြုတ် ၊ ငုံးဥ ၊ ကြက်သွန်မြိတ် ၊ နံနံပင်ပါးပါးလှီး( မုန်ရည်ထဲ တစ်ခါတည်းရောထားလိုက်ပါ )တို့နဲ့ စားချင်တဲ့အချိန် စိတ်တိုင်းကျ လုပ်စားလို့ ရပါပြီ ။
  3. မုန့်ရည်ကျဲကျဲကို ဆီများများလေးနဲ့ လုပ်မှ ပိုစားကောင်းတာမို့ ပဲစေ့ဆီ နေကြာဆီလေးတွေ သုံးရင် ကျန်းမာရေးတွက် ပိုကောင်းပါတယ်ရှင် ။  မုန့်ရည် ပိုရင် နောက်ရက် လုပ်စားရအောင် ရေခဲသေတ္တာထဲ သိမ်းထားလို့ရပါတယ်။
Credit: ThiThi DoneDone

Review

User Rating

5 (6 Votes)