မုန့်ပေါင်း ပြုလုပ်ရန် လိုအပ်သည့် ပစ္စည်းများ

  1. မြေအိုးမှာ ပေါင်းခွက် ၊ အဖုံး( စလောင်းဖုံး) ပါတဲ့ တစ်စုံ
  2. ပိတ်စ ပါးပါး တစ်ခု ၊
  3. တရုတ် ရေနွေးသောက် ပန်းကန်လုံးစောက် ခပ်ပက်ပက်က အခရာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆန်ကြမ်းမှုန့် – ၃ ဆ
  • ကောက်ညှင်းမှုန့် ၁ ဆ
  • စားတော်ပဲပြုတ် (မုန့် အဆိမ့် ပြုလုပ်ရန်)
  • နှမ်းထောင်း (မုန့် အဆိမ့် ပြုလုပ်ရန်)
  • ဆား
  • ထန်းလျက်( သေးသေးညှပ်ပြီး ခြေထားပါ။ မုန့် အချို ပြုလုပ်ရန်)

ပြုလုပ်နည်း

  1. ဆန်ကြမ်းမှုန့် နှင့် ကောက်ညှင်းမှုန့် ကိုသမအောင်မွှေပြီး၊ ရေကျက်အေးကို အနည်းငယ်စီ ဖြန်းပြီး ဇလုံ တစ်ခုမှာ နှပ်ထားရပါမယ်။ ရေအချိုး အတိအကျ မရှိပေမဲ့ ပြုလုပ်တဲ့ မုန့်သားဟာ အလွယ်တကူ ခြစ်ထုတ် လို့ရမဲ့ အနေအထား ရှိရပါမယ်။
  2. နှပ်ထားတဲ့ မုန့်သားကို ရေစိုတဲ့ အဝတ်စ ပါးလေးနဲ. အနည်းဆုံး ၅ နာရီခန့် အုပ်ထားပါ။ (မုန့်သား အချဉ်ဖောက် လာစေဖို့ပါ။) မုန့်လုပ်မည့်အိုးမှာ အငွေ့ ကောင်းစွာရရန် မီးအရှိန်က အရံသင့် ရှိနေရပါမယ်။
  3. အဆိမ့်မုန့် အတွက် တရုတ် ရေနွေးသောက် ပန်းကန်အောက်ခြေမှာ ပဲပြုတ်ကို အောက်က ထည့်ပြီး မုန့်သားကို ဇွန်း (သို့) ပန်းကန်အနား ပါးပါးလေးနဲ့ ခြစ်ပြီး ခပ်ပြည့်ပြည့် ထည့်ပါ။
  4. ပန်းကန်လုံးအပေါ် ပိတ်စ ပါးပါးအုပ်၊ ပိတ်စ အဖျားကို စုပြီး ရေဆူနေတဲ မြေပေါင်းအိုးမှာ တင်ပြီး စလောင်းဖုံး ပြန်ဖုံးကာ အငွေ့လုံအောင် ( ၃-၅ ) မိနစ်ခန့် ပေါင်းပါ။ ပြီးလျှင် ပူပူနွေးနွေး နှမ်းထောင်းဖြူး၍ သုံးဆောင်နိုင်ပါပြီ။
  5. အချိူအတွက် မုန့်ပန်းကန် တစ်ဝက်လောက်မှာ မုန့်သားထည့်ပြီး ညှက်အောင်ချေထားတဲ့ ထန်းလျက် ကိုထည့်ပါ။ ပြီးလျှင် ခြစ်ထားတဲ့မုန့်သားကို ဖြည့်ပြီး အထက်ပါ နည်းအတိုင်း ပြန်ပေါင်းပါ။ ပြီးလျှင် ပူပူနွေးနွေး နှမ်းထောင်းဖြူးရျ် သုံးဆောင်နိုင်ပါပြီ။

Credit: Original Uploader & ဒေါ်မြထွေး