မုန့်ကြာစိ (စေ့)

Share this on:

မုန့်ကြာစိ (စေ့) ကလည်း သင်္ကြန် ရာသီစာပါ။ အချို့ ဒေသတွေက  ပဲမုန့်လုံး ရေပေါ် လို့လည်းခေါ်ပါတယ် ။ သူကတော့ မုန့်လုံးလေးတွေ (ကြာစိအရွယ်) လေးတွေပြုတ် ၊ သီးသန့်ထန်းလျက်ရည် လောင်းစားရတာပါ။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့်
  • ဆန်မှုန့် - အနည်းငယ်
  • ထန်းလျက်ဖြူ  (သို့မဟုတ်) အညို
  • အုန်းသီးခြစ်
  • ဆား

ပြင်ဆင်ပြုလုပ်နည်း

  1. မုန့်လုံးရေပေါ်လုပ်ရင် ကောက်ညှင်းချည်းပဲ သုံးလျှင် အရမ်းစေးပြီး တွဲကပ် နေတတ် ပါတယ်။ ဒါကြောင့် ဆန်ကြမ်းမှုန့် အနည်းငယ် ရောသုံး ပေးဖို့ လိုအပ်ပါတယ်။
  2. ကောက်ညှင်းမှုန့် ၊ ဆန်မှုန့် ၊ ဆား စတာတွေကို ရောပြီး ရေ ၁ဗူး (နို့ဆီဗူး) ခပ်နွေးနွေးကို အနည်းငယ်စီ ထည့်ပြီး သမသွားအောင် နယ်ပါ။  စေးထွေးထွေး မုန့်သားမှာ အနေတော်ပါ။
  3. မိမိနှစ်သက်သလို အရွယ်လေးတွေလုံးပြီး  လုံးသွားအောင် လုံးပြီး ရေနွေး ဆူဆူ (ရေများများ) မှာ ရေပေါ်သို့ ပေါ်လာသည် အထိ ပြုတ်ပါ။
  4. ထန်းလျက်ကို သီးသန့် အရည်ကျိုထားပြီး စစ်ထားပါ။
  5. အုန်းသီးကိုလည်း အမျှင်ပုံစံ ရအောင် ခြစ်ထားပါ။
  6. ပေါ်လာသည့် မုန့်လုံးများ ဆယ်၍ ရေစစ်ပါ။ အုန်းသီးအမျှင်များ ဖြူးပြီး သုံးဆောင်ပါ ။
Photo Credit: မကညာဇင် ( မြန်မာပြည်မှမြန်မာလူမျိုး)

Review

User Rating

5 (2 Votes)