မဒေါက် မုန့်ဟင်းခါး

Share this on:

ရန်ကုန် မုန့်ဟင်းခါး စားနေကျလူများ အတွက်တော့ ပုဇွန်ချဉ် ၊ ခရမ်းချဉ်သီး နဲ့ ဆန်နှစ်ထည့် စားတာ အဆန်းမို့လို့ မုန့်ဟင်းခါး နစ်သက်သူများကို ကိုကျော်လင်းသန့်ရဲ့ ဒေသစာ မဒေါက်မုန့်ဟင်းခါးကို ရှယ်လိုက်ပါတယ် ။

မဒေါက် မုန့်ဟင်းခါး.2016-04-04 at 9.56.32 am

မဒေါက် မုန့်ဟင်းခါး.2016-04-04 at 9.56.57 am

ပါဝင်ပစ္စည်းများ

  • ငါးပြုတ်ရည်
  • ငှက်ပျောအူ
  • ပဲသီး
  • နံနံပင်
  • ခရမ်းချဉ်သီး
  • ငါးချဉ်
  • ဆန်နှစ်
  • ဆန်လှော်မှုန့် များများ

ပြုလုပ်နည်း

  1. ငါးပြုတ်ရည်နဲ့ ငှက်ပျောအူကို ချက်ထားတာပါ ။
  2. ဆန်လှော်မှုန့် မပါ ။  ငပိ မထည့် ၊ ဆီ မသုံးပါ ။
  3. ငါးပြုတ်ရည် ပွက်ပွက်ဆူတော့ ဟင်းရည် ရပါပြီ ။
  4. မုန့်ပွဲပြင်လျင် ပဲသီး ၊ နံနံပင် ၊ ခရမ်းချဉ်သီး အပြင် ငါးချဉ် ထည့်စားပါတယ် ။
  5. ဆန်နှစ် (မုန့်ဖိုက ဆန်ကြိတ်ထားတာကို နည်းနည်းတောင်း ၊ ရေဖျော်ပြီး ၊ နနွင်းထည့်ကြိုပါ ။  ဆန်နှစ် ခဲလျင်  ကြက်သွန်ဖြူ ဆီချက်ကို အပေါ်မှ ဆမ်းထားပါ ။)
  6. စားတော့မှ ဆန်နှစ် တစ်ဇွန်းလောက်ထည့် ၊ ငါးချဉ် ကြိုက်သလောက် ထည့် ၊  ဆန်လှော်မှုန့် ထည့် ၊ ဟင်းရည်ကြဲလေးနဲ့ ပဲကြော် ကြွပ်ကြွပ်ထည့်ပြီး စားကြတာပါ ။
  7. အရည် နည်းနည်း ဆန်လှော်မှုန့် များများနဲ့ အသုတ် ကဲ့သို့ နယ်စားနိုင်ပါတယ် ။
Credit: Kyaw Lin Thant

Review

User Rating

5 (2 Votes)