နေ့စဉ် မျက်လုံးတွေဟာ အလုပ်အများကြီး လုပ်နေကြရပါတယ်။ စမတ်ဖုန်းခေတ်မှာ မျက်လုံးနဲ့ဖုန်း မကွာတမ်း ကြည့်နေကြတာတွေ များနေပါပြီ။ ကြာလာတဲ့ အခါ မျက်လုံးတွေ ကြည့်မကောင်းတော့တာ၊ မြင်ကွင်းတွေ ဝါးလာတာ အစရှိသဖြင့် မျက်လုံး အမြင်အား တဖြည်းဖြည်း လျော့နည်းလာပါတယ်။ ဒါတွေ မဖြစ်စေဖို့ ဖုန်းသုံးတဲ့ အချိန်တွေ လျော့ချဖို့ လိုသလို မျက်လုံးအားကောင်းစေမယ့် အစားအစာတွေကိုလည်း စားပေးသင့်ပါတယ်။

မျက်လုံး ကျန်းမာရေးအတွက် စားသင့်တဲ့ အစားအစာ ၅မျိုးကို ထုတ်နုတ်ဖော်ပြပေးပါမယ်။ ရနိုင်ဖို့ လွယ်ကူတဲ့ အတွက် အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။

၁။ မုန်လာဥနီ

Source: 1zoom.ru

လိမ္မော်ရောင် ရှိတဲ့ အသီးတွေနဲ့ ဟင်းရွက်တွေဟာ မျက်လုံးအတွက် အားဖြစ်စေတယ်ဆိုတာ ကြားဖူးနေကြဖြစ်မှာပါ။ ဒါက မှန်ပါတယ်။ အဲ့ဒီ အစားအစာတွေမှာ Beta-Carotene လို့ ခေါ်တဲ့ ဗီတာမင် အေ ဓာတ်အမျိုးအစားတွေ ပါဝင်တဲ့ အတွက် မျက်လုံးရဲ့ လုပ်ဆောင်ချက်တွေကို ချော့မွေ့အောင် ကူညီပေးပါတယ်။ ဒါပေမယ့် အမြင်အာရုံကောင်းဖို့ အတွက် Beta-Carotene တစ်ခုထဲ အားထားလို့ မရပါဘူး။ တခြား ဗီတာမင်ဓာတ်တွေလည်း လိုအပ်ပါသေးတယ်။ ဒါကြောင့် ၅မျိုးစလုံးကို ပါဝင်အောင် စားပေးရင်တော့ ပိုကောင်းပါတယ်။

၂။ ဆလပ်ရွက်

Source: patch.com

ဆလပ်ရွက်မှာ Lutein ၊ Zeaxanthin ၊ Antioxidants တွေ ပါဝင်ပြီး မျက်စိတိမ်စွဲခြင်းနဲ့ အမြင်အာရုံ လျော့ကျခြင်းတို့ကနေ ကာကွယ်ပေးပါတယ်။

၃။ Eggs

Source: Tib e Nabvi

Lutein ၊ Zeaxanthin  တို့ အပြင် Zinc ဓာတ်ပါ ပါဝင်တဲ့အတွက် အတွင်းတိမ် ဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။

၄။ ဘယ်ရီသီး

Source: Good Housekeeping

ဘယ်ရီသီးတွေ ဗီတာမင် စီ အားပြည့်တဲ့ အသီးတစ်မျိုးပါ။ ဒါကြောင့် ဆလပ်ရွက်လိုပဲ အမြင်အာရုံနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါလိမ့်မယ်။

၅။ မက်မွန်သီး

Source: Gluten Free Girl

ဗီတာမင်အီးဓာတ်တွေနဲ့ ပြည့်ဝနေတဲ့ မက်မွန်သီးဟာ အမြင်အာရုံ ချို့တဲ့ခြင်း ဖြစ်စဉ်ကို လျော့ချစေပြီး နေ့စဉ်လိုအပ်တဲ့ ဗီတာမင်အီးရဲ့ တစ်ဝက်ကိုလည်း ပေးပါတယ်။

တခြား မျက်လုံး အားကောင်းစေတဲ့ အသီးအရွက်တွေထဲမှာ ဝယ်ရလွယ်ကူပြီး ချက်ပြုတ်ရ မခက်တဲ့ အရွက်တစ်မျိုးက ဟင်းနုနွယ်နဲ့ မြင်းခွာရွက်ပါ။ ဒီ အသီးအရွက်တွေကို နေ့တိုင်းပါအောင် မစားနိုင်ခဲ့ရင် တစ်ပတ် ၃ခါလောက် စားပေးပါ။ နေ့လည်ဘက်တွေ အလုပ် လုပ်တဲ့ အခါ မျက်လုံးကို အနားပေးပြီး ဆောင်ရွက်ပါ။ စိမ်းလန်းတဲ့ မြင်ကွင်းတွေကို ကြည့်ပါ။ ရေများများ သောက်ပါ။

Credit: Health.com