မိုးရာသီဆိုတော့ ဝါးရုံပေါသည့် အင်းတိမ်ရွာတွင် မျှစ်နုများ ထွက်သည့် အချိန် ဖြစ်သည် ။  ရာသီချိန် မဟုတ်သည့် အခါတွင်လည်း စားသုံးနိုင်ရန် မျှစ်ကို အချဉ်တည်၍ အိုးထဲမှာ သိပ်ထားလေ့ ရှိကြပါသည် ။ မျှစ်ချဉ်ကို မချက်ခင် နှစ်ရည်ခန့် ပြုတ်၍ ပြုတ်ထားသည့် ရေများကို သွန်သင့်ပါ သည် ။ သို့မှသာ မျှစ်၏ အချဉ်စူးသော အနံ့များ ပြက်ပျယ်ရျ် ဗိုက်နာမှုများ မရှိနိုပါ ။ မျှစ်ချဉ် နှင့် တွဲချက်သည့် ဝက်ပေါင်သားသည် အဆီပါ၍ ချက်ရာတွင် ဆီသပ်သပ် ထည့်ရန် မလိုပါ ။ ဝက်ပေါင်သားမှ သူ့အဆီနှင့် သူထွက်လာပါလိမ့်မည် ။ စားမြိန်ကြပါစေ ။

ပါဝင်ပစ္စည်းများ

  • ဝက်သား – ၇၀ ကျပ်သား
  • မျှစ်ချဉ် – ၁၅ ကျပ်သား (၂ ခါ ပြုတ်ထားပါ ။)
  • ခရမ်းချဉ်သီး အသေး – ၁၀ လုံး (ပါးပါးလှီးထားပါ ။)
  • ကြက်သွန်နီ အကြီး – ၂ လုံး (ပါးပါးလှီးထားပါ ။)
  • ကြက်သွန်ဖြူ အသေး – ၂ လုံး (ထောင်းထားပါ ။)
  • ငါးငံပြာရည် – ၃ ဇွန်း (ထမင်းစားဇွန်း)
  • နနွင်းမှုန့် (အနည်းငယ်)
  • အရောင်တင်မှုန့် (အနည်းငယ်)
  • ဆား (အနည်းငယ်)

ပြုလုပ်နည်း

  1. ဝက်သားကို ဆေးပြီး ရေစစ်ထားပါ။ အိုးထဲတွင် ဝက်သား ၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ နနွင်းမှုန့် ၊ အရောင်တင်မှုန့် ၊ ဆား၊ ငံပြာရည် တို့ထည့်၍ အသေအချာလုံးပါ ။
  2. အသား အရောင် ပြောင်းသွားလျှင် ရေနွေးကို ဝက်သား မြုပ်ရုံထည့်၍ အဖုံးအုပ်ပြီး မီးအေးအေးဖြင့် တည်ထားပါ ။ အသားနူးသည် အထိ ရေနွေးကို နည်းနည်း ထပ်ထပ် ထည့်၍ တည်ပါ ။
  3. အသားနူးခါနီးတွင် ပြုတ်ထားသော မျှစ်ချဉ်ကို အသားအိုးထဲ ထည့်၍ သေသေချာချာ အသားနှင့် ရောထည့်လိုက်ပါ ။ အသား နှင့် မျှစ်ချဉ် နူးအိသွားလျှင် အပေါ့အငံ မြည်း၍ မီးဖိုပေါ်မှ ချပြီး သုံးဆောင်နိုင်ပါပြီ ။
  4. ဝက်သား မျှစ်ချဉ် ချက်သည် ငရုတ်သီးဆားထောင်း နှင့် အလိုက်ဖြစ်၍ တွဲဖက်၍ စားသုံးကြပါသည်။ အချိုမှုန့် လုံးဝ မထည့်ပါ ။ မိမိကြိုက်နှစ်သက်ပါက ထည့်၍ စားသုံးနိုင်ပါသည်။

MyFood Myanmar