မျှစ်တာလပေါ့ဟင်း

Share this on:

မမလေး ချက်တဲ့  ဟင်းရည်ပျစ်ပျစ်လေးနဲ့ အသီးအရွက်စုံ ၊ပုဇွန်လှော်လေးနဲ့ လတ်လတ်ဆတ်ဆတ် တာလပေါ့ဟင်းလေး ချက်စားကြည့်ကြရအောင်နော် ။
ပါဝင်ပစ္စည်းများ

  • မျှစ်စိမ်း  –  ၃၀သားခန့်
  • ပုဇွန်  –  ၁၅ကျပ်သား
  • ဆန်  –  လက်တဆုပ်ခန့်
  • ခဝဲသီး  – ၂လုံး
  • စပါးလင်  –  ၁ ပင်
  • ရုံးပတီသီး  –  ၁၀တောင့်
  • ဒညင်းသီး  –  ၆လုံး
  • ပဲသီး  –  တစ်စည်း
  • ပင်စိမ်းရွက်  –  တစ်စည်း
  • ဆူးပုပ်ရွက်  –  တစ်စည်း
  • ဘူးညွှန်  –  တစ်စည်း
  • ရေ သန့်  –  ၁လီတာခွဲခန့်
  • မျှင်ငါးပိ  –  တစ်ဇွန်း ( ထမင်းစားဇွန်း)
  • ဆား –  လိုသလောက်
  • ဟင်းခတ်မှူန့်  –  အနည်းငယ်

Bamboo shoot 1

ပြင်ဆင်ပြုလုပ်နည်း

  1. မျှစ်စိမ်းကို ခပ်ပါးပါးလှီးပြီးထားပါ ။ ရေဆူအောင်တည်ပြီး မျှစ်ထည့်ကာ ၁၅မီနစ်ခန့် အခါးရည်နှင့် အဆိပ်အတောက်များ မရှိရလေအောင် ပြုတ်ပြီး ရေသွန်ကာ ဆေးကြောပြီး ရေသန့် ၁လီတာခွဲခန့်ထည့်၍ ဆူအောင်တည်ပြီး မျှစ်ထည့်ပါ ။
  2. စပါးလင် ဓားပြားရိုက်ထည့်ပါ ။ မျှင်ငါးပိ ၊ ဆား ၊ ဟင်းခတ်မှူန့် တို့ထည့်ပြီး ဆူအောင်တည်ပါ ။
  3. ဆန်ကိုရေ၁၅မီနစ်စိမ်ပြီး ဇကာနဲ့ရေစစ်ပြီး ညှက်အောင်ထောင်းပြီးထည့်ပါ ။
  4. ဆန်နှစ်ကျက်ခါနီးဆို ဒညှင်းသီးနှင့် အခြားအရွက်များထည့်ပါ ။
  5. အရွက်များနူးလာရင် ပင်စိမ်းရွက်နဲ့ဆူးပုပ်ရွက်ထည့်ကာ သုံးဆောင်နိုင်ပါပြီး ။

Credit : Thida Lay Lay

Review

User Rating

3.4 (5 Votes)