ပါဝင်ပစ္စည်းများ

  • ကြွက်နားရွက်မှိုခြောက် – ၅ ကျပ်သား
  • မှိုအပ်ကပ် – ၅ ကျပ်သား
  • ဂျုးမြစ် – ၁၀ ကျပ်သား ေ
  • မွှေးတံဆိပ်ဆန်အစိမ်းမှုန့် – ၁ ထုပ်
  • ကောက်ညှင်းမှုန့် – ၁ ဇွန်း
  • ချင်း+ကြက်သွန်ဖြူထောင်း – ၁ ဇွန်း
  • ရှမ်းပဲပုတ်ထောင်း – ၁ ဇွန်း
  • ငှက်ပျောရွက် – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ကြွက်နားရွက်မှိုနှင့် မှိုအပ်ကပ်ခြောက်တွေကို ဆားပါသောရေမှာ(၁၀)မိနစ်ခန့်ကြိုပြီး ရေစိမ်ထားပါ။ (သဲသန့်စင်စေရန်အတွက်ဖြစ်ပါသည်) **မှိုအပ်ကပ်ဆိုတာက တိုင်မှာကပ်ပြီး ပေါက်တဲ့မှိုအမျိုးအစားလေးတွေဖြစ်ပြီး တရုတ်ခေါက်ယပ်တောင်ပုံစံသေးသေးလေးတွေ ဖြစ်ပါတယ်။ ရေစိမ်ထားတဲ့ မှိုလေးတွေကို သန့်စင်အောင်ဆေးပြီး ပါးပါးလှီးပါ ။ ဂျုးမြစ် တွေကို ၁လက်မအရွယ်ခန့် လှီးပါ။
  2. ရှမ်းပဲပုတ်ကို မီးကင်ပြီး ညှက်အောင်ထောင်းပါ။ ကြက်သွန်ဖြူနှင့် ချင်းပိုလည်း သီးသန့်စီထောင်းပါ ။
  3. ဇလုံတစ်ခုအတွင်းမှာ ပါဝင်ပစ္စည်းအားလုံးကို ရောထည့်ပါ။ (ကန်စွန်းရွက် အနည်းငယ်ကိုလဲ ပါးပါးလှီးပြီးထည့်နိူင်ပါတယ်) ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့် အရသာဖြည့်စွက်ပြီး သမသွားအောင်ခပ်ဖွဖွနယ်ပါ ။
  4. သန့်စင်ထားတဲ့ ငှက်ပျောရွက်အလည်မှာ မိမိနှစ်သက်သလောက် (နှစ်ကိုက်စာ)ထည့်ပြီး ဘေးနှစ်ဖက်ကို ခေါက်ချိုးချိုးပြီး လုံအောင်ထုပ်ပါ။  ပေါင်းအိုးအတွင်း စီရီထည့်ပါ (အငွေ့ဝင်ဖို့လိုအပ်တာကြောင့် ကျပ်သိပ်နေအောင် မထည့်သင့်ပါ) ရေနွေးဆူဆူမှာ မိနစ်(၂၀)မှ နာရီဝက်ခန့်ပေါင်းပါ။

နှပ်သွားပြီဆိုရင် ဖက်ကိုဖြည်ချပြီး နှစ်သက်သလို ကပ်ကြေးနှင့် ညှပ်ပါ။ ကြက်သွန်ဖြူ၊ ဆီချက်၊ ငရုတ်သီးချက်တို့ဖြင့် တွဲဖက်သုံးဆောင်ပါ။

Credit: ဟင်းချက်နည်းများ