ငပိ - Ngapi | အသုပ် - Salad

မျှစ်ချိုနှင့် ငါးပိအစပ်သုပ်

July 7, 2016

မျှစ်ချိုနှင့် ငါးပိအစပ်သုပ်

Share this on:

ပါဝင်ပစ္စည်းများ

  • ပြုတ်ပြီးမျှစ်ချိုအမျှင် - ၁၀ ကျပ်သား
  • ငါးပိ - ဇွန်းဝက်
  • ရွှေပုစွန်ခြောက် - ၁ ဇွန်း
  • ငရုတ်သီးစိမ်း - ၅ တောင့်
  • ငရုတ်သီးအလှော်မှုန့် - ဇွန်းဝက်ခန်
  • ကြက်သွန်နီ - ၂ လုံး
  • နံနံပင် - အနည်းငယ်
  • သံပုရာသီး - ၃ ခြမ်း

ပြင်ဆင်ပြုလုပ်နည်း

  1. ဈေးကဝယ်လာတဲ့ မျှစ်အမျှင်လေးတွေကို ပြန်ပြီး ပြုတ်ပေးပါ ။ မိမိကိုယ်တိုင်ပြုတ်ထားတဲ့ မျှစ်စို့လေးတွေကို ခက်ရင်းလေးနဲ့ အမျှစ်ခြစ်လဲရပါတယ် ။
  2. ငါးပိကိုဇွန်းမှာကပ်ပြီးမီးကင်ပါ ။ ရွှေပုစွန်ခြောက်ကို မညှက်တညှက်လေးထောင်းပါ ။
  3. ငရုတ်သီးစိမ်းကို ခပ်နုပ်နုပ်လေးစဉ်းပါ ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးပါ ။ နံနံပင်ကိုလဲ လှီးဖြတ်ပါ ။
  4. ဇလုံတစ်ခုအတွင်းမှာ ပါဝင်ပစ္စည်းအားလုံးရောထည့်ပြီး ငါးငံပြာရည် ၊ ဟင်းခတ်မှုန့် ၊ သံပုရာရည်ညှစ်ပြီး ခပ်ဖွဖွလေး နယ်ပေးပါ ။ ချိုချဉ်ငံစပ်လေးဖြစ်နေမယ့် မျှစ်သုပ်လေးကို ဟင်းခါးပူပူလေးတစ်ခွက်နှင့် တွဲဖက်သုံးဆောင်ပါ ။
Credit: ဟင်းချက်နည်းများ

Review

User Rating

2.3 (3 Votes)