မျှစ်ဒုက္ခကြော်

Share this on:

ချက်ရတာလဲ လွယ်ကူပါတယ်  ။  စားရတာလည်း မြိန်တယ် ။  ဆီနည်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းလေးပါ ။  မျှစ်က ဈေးထဲကနေ ပြုတ်ထားပြီးသား နည်းနည်းကြီးတဲ့ အရွယ်လေးတွေ ရွေးဝယ်ခဲ့ပြီး အိမ်ကျ တစ်ရေပြန် ပြုတ်လိုက်တယ် ။  ပြီးမှ ဓါးခြမ်းခွဲလိုက်ပြီး ခရင်းနဲ့ဖြစ်ဖြစ် အမျှင်ဖြစ်အောင် အရင်းကို နည်းနည်း ချန်ပြီး ခြစ်လိုက်တယ် ။  ကဲ မိတ်ဆွေတို့ လုပ်စားကြည့်ရအောင်နော် ။

ပါဝင်ပစ္စည်းများ

  • မျှစ်ပြုတ် - အရွယ်ကြီး
  • ငရုတ်သီးစိမ်းအတောင့်ကြီး - ၅ တောင့်
  • ကြက်သွန်ဖြူ - ငါးမွှာ
  • ကြက်သွန်နီအကြီး - တစ်လုံး
  • ဆား
  • အချိုမှုန့်
  • နံနံပင် - အနည်းငယ်
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. မျှစ်ပြုတ်ပြီးသား နည်းနည်းကြီးတဲ့ အရွယ်ကို ဓါးခြမ်း ခွဲလိုက်ပြီး ခရင်းနဲ့ဖြစ်ဖြစ် အမျှင်ဖြစ်အောင် အရင်းကို နည်းနည်းချန်ပြီး ခြစ်လိုက်ပါ ။
  2. အစာသွပ်ဖို့ ငရုတ်သီးစိမ်းအတောင့်ကြီး ငါးတောင့် ၊ ကြက်သွန်ဖြူငါးမွှာ ၊ ကြက်သွန်နီအကြီးတစ်လုံးကို မီးဖုတ်ပြီး ဆား ၊ အချိုမှုန့်ထည့်ထောင်း နံနံပင်လေးနည်းနည်းထည့် ရပြီဆို မျှစ်ထဲကိုထည့်ပြီး နှီးနဲ့တုတ်လိုက် နှီးမရှိတော့ အပ်ချည်ကြိုးလေးနဲ့ချည်ပြီး ဆီလေးနဲ့မီးအေးအေးနဲ့ကြော်လိုက်ပါ ။
အရသာတမျိုးလေးနဲ့ ခံတွင်းတွေ့စေမယ့် ဟင်းလျာလေးတစ်မျိုးဖြစ်ပါတယ် ။

Credit: Simply Coral's Kitchen

Review

User Rating

5 (2 Votes)