မန္တလေးပဲကြော် လို့ခေါ်ပါတယ်။ တခြား အခေါ်အဝေါ်လေး ရှိရင်လည်း ပြောပြကြပါနော် ။

ပါဝင်ပစ္စည်း

  • ပဲလွန်း
  • ကောက်ညှင်းမှုန့်
  • ဆား
  • ဂျင်း – ထောင်းထားပါ
  • ဆော်ဒါမှုန့်
  • ရေ

ပြုလုပ်နည်း

  1. ပဲလွန်း ပြုတ်ပြီး နူးလာလျှင် ရေစစ်ပြီး ထောင်းထားပါ။
  2. ကောက်ညှင်းမှုန့် ၊ ဆား ၊ ဂျင်း ၊ ဆော်ဒါမှုန့် ၊ ရေ နှင့် မအားလုံးကို ရောနယ်ပါ။
  3. အနေတော် လက်တစ်ဆုပ်စာ ပြားပြီး ဆီပူပူလေးမှာ ကြော်ပါရှင်။
  4. စားကောင်းသော မြန်မာအစားအစာ တစ်မျိုးရပါပြီရှင် ။ စားကောင်းနိုင်ကြပါစေရှင်။

Credit: Moe Nge Nge