ယာသီးဟင်းခါးဆိုလို့ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး ။  ခြံစည်းရိုးတွင် ပေါက်သော အရွက်များကို ခူးပြီး ဟင်းချိုချက် လျှင် ခြံစည်းရိုး ဟင်းချိုဟု ခေါ်တွင်သည့် အတိုင်း ယာထဲမှာ စိုက်ထားတဲ့ အသီး ၂မျိုး ၃မျိုးကို ဟင်းတအိုးထဲမှာ ပေါင်းချက် လျင် အသီးများဧ။် အမည်များကို တတ်ရျ် မခေါ်တော့ဘဲ ခူးလာတဲ့နေရာကိုဘဲ ဟင်းအမည်တပ်ရျ် ခေါ်လေ့ရှိပါသည် ။  အင်မတန်နုတဲ့ အသီးလေးများကို ခူးရျ် ချက်သည့်အတွက် သဘာဝချိုလေးပါ ။   အရသာမှုန့် ၊ ကြက်သာမှုန့်များ ခပ်စရာ မလိုပါ။

ပါဝင်ပစ္စည်းများ

  • ငါးခူကင်
  • ပဲလင်းမွေသီး
  • ဖရဲသီး
  • သပွတ်သီး
  • ကြက်သွန်နီ     –    ၁ဥ
  • ကြက်သွန်ဖြူ အသေး     –     ၁၀မွှာ
  • နံနံပင် အမြစ်   –   အနည်းငယ်
  • ဆား     –     အနည်းငယ်
  • ငရုတ်ကောင်းမှုန့်      –     အနည်းငယ်
  • ရေ

ပြုလုပ်နည်း

  1. ပဲလင်းမွေသီး ၊ ဖရဲသီး ၊ သပွတ်သီး အခွံများကို မနွှာရပါ ။  အပေါ်ရံ အခွံကို ဓါးလေးနဲ့သာ ခြစ်ပေးပါ ။  နုသော ယာသီးလေးများ ဖြစ်ရျ် နူးလွယ်လှပါသည် ။
  2. ငါးခူကင်ကို အသားနွှင် ၊ နံနံပင် အမြစ်ကို ထု ၊  ကြက်သွန်နီ ၁ ဥ ကို လေးစိတ်စိပ် ၊  ကြက်သွန်ဖြူ အသေး ၁၀မွှာကို ရေထဲ ထည့်ပြီး ရေဆူလာသည်အထိ ပြုတ်ပါ ။ 3. ေ
  3. ရေဆူလာလျင် တုံးထားသော ပဲလင်းမွေသီး ၊ ဖရဲသီး ၊ သပွတ်သီး တို့ကို ထည့်ရျ် တည်ပါ ။
  4. ပြီးလျင် အသီးများ နူးကာစတွင် ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူး ၊ အပေါ့အငံ မြည်းရျ် မီးဖိုပေါ် မှချရျ် အဖုံးကို မဖွင့်ဘဲ ၁၅မိနစ်ခန့် ထားပြီသုံးဆောင်နိုင် ပါသည် ။
  5. *** နုသော ပဲလင်းမွေသီး ၊ ဖရဲသီး ၊ သပွတ်သီး တို့နှင့် ချက်ရျ် အကြာကြီး အသီးများ နူးသည်အထိ တည်ရန် မလိုပါ ။ ဟင်းရည်၏ အပူ အငွေ့နှင့်ပင် ကျက်သွားပါမည် ။ အသီးများ နးူးသည်အထိ မီးဖိုပေါ်တွင် တည်ပါက အသီးများ ပျော့လွန်းသွားပါမည် ။

MyFood Myanmar