Recipes

ယိုးဒယါး ငါးပိ ထမင်းသုပ်

December 30, 2015

ယိုးဒယါး ငါးပိ ထမင်းသုပ်

Share this on:

ပါဝင်ပစ္စည်းများ

  • ထမင်း
  • ဆီ
  • စိမ်းစားငါးပိ
  • ကြက်ဥ
  • ပုဇွမ်ခြောက်
  • သရက်သီးစိမ်း
  • ငရုပ်သီးစိမ်း
  • သံပုရာသီး
  • သခွားသီး
  • နံနံပင်
  • ကြက်သွန်နီ
  • ကြက်သား
  • ဆား
  • နနွင်း
  • ခရုဆီ.
  • သကြား
  • ပဲငံပြာရည် အနောက်
  • ကြက်သွန်ဖြူ

ပြုလုပ်နည်း

  1. ထမင်းချက် ပြီးသားကို အအေးခံကာ ဒယ်အိုးထဲ ဆီထည့်ပြီး စိမ်းစားငါးပိ ကိုဆီသတ်၍ ထမင်းထည့်ကြော်ထားပါ။
  2. ကြက်ဥကို ခလောက်ပြီး ဆား အနည်းငယ် ထည့်ကာ ကြော်ထားပါ။
  3. ပုဇွမ်ခြောက် ဆေးကြောပြီး ကြော်ထားပါ။
  4. သရက်သီး စိမ်းကို ခြစ်ထားပါ။
  5. ငရုပ်သီးစိမ်း ပါးပါးလှီး ထားပါ။
  6. သံပုရာသီးကို အစိတ်လေးတွေ စိတ်ထားပါ။
  7. သခွားသီးနဲ့ နံနံပင်လှီးထားပါ။
  8. ကြက်သွန်နီ ကြိုက်ပါက ပါးပါလှီး ထည့်ပါ။
  9. ကြက်သားကို အနေတော် လှီးဖြတ်ပြီး ဆား၊ နနွင်း၊ ခရုဆီ၊ သကြား၊ ပဲငံပြာရည် အနောက် အနည်းငယ်ထည့်ပြီး ဒယ်အိုးထဲ ဆီထည့်ကာ အပူပေးပြီး ကြက်သွန်ဖြူနဲ့ ဆီသတ်ပြီးမှ ကြက်သားထည့်ပါ။
  10. ကြက်သားကို သမအောင် ရောကြော်ပြီး ရေအမြုပ်ထည့်ကာ ကြက်သား ကျက်တဲ့ထိ ထား၍ ငါးပိထမင်းနဲ့ ပုံထဲက ပြထားအတိုင်း တမျိုးနဲနဲဆီ ရော၍ သုတ်စားရပါတယ်။
  11. ဝက်အူချောင်း ကြိုက်ပါက ကြော်ထည့်ပြီး ငါးပိ ထမင်းနဲ့ ရောပြီးသုပ် လို့ရပါတယ်။
Credit: Thida Lay