ပါဝင်ပစ္စည်းများ

  • ယိုးဒယားပဲကြာဇံ ၂ထုပ်
  • ကြက်သွန်ဖြူဆီချက် အနည်းငယ်
  • ပုဇွန်ကြားလေး ၂၅သား
  • သခွားသီး ၂လုံး
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ခရမ်းချဉ်သီး ၅လုံး
  • နံနံပင် လက်တဆုပ်
  • သံပုရာသီး ၂လုံး
  • မြေပဲလှော် ၁၀သား
  • ငြုတ်သီးစိမ်း လက်တဆုပ်
  • ထညက် ၅လုံး
  • ပအုန်းရည် (သို့) လကာရည်
  • ငါးငံပြာရည်
  • ကင်းမွန်ငံပြာရည်
  • သကြား
  • ဟင်းခတ်မူန့်
  • ပဲငံပြာရည်အကြည်

ပြင်ဆင်ပြုလုပ်နည်း

  1. ယိုးဒယားပဲကြာဇံ၂ထုပ်ကို ရေနွေးဆူဆူမှာထည့် နူးပြီးပျော့လာရင် ဇကာထဲစစ်ထည့်ပြီး ရေအေးလောင်းထားပါ ။
  2. ကြက်သွန်ဖြူဆီချက် အနည်းငယ် ချက်ပြီး ပဲကြာဇံတွေထည့် ဆီပူလေးလှိမ့်ထားပါ ။
  3. ပုဇွန်ကြားတွေကို အခွံအကုန်ခွာ ဆီနအနည်းငယ်ထည့်ပြီး ကျက်အောင်လှော် မွှေးလာရင်သေးသေးတုံးထား ၊ အကောင်လိုက် ထည့်သုပ်လဲရပါတယ် ။
  4. သခွားသီးကိုလည် အချောင်းလေးတွေ လှီးထားပါ ။ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ နံနံပင်လက်တဆုပ်တို့ကို ပါးပါးလှီးထားပါ ။ သံပုရာသီး၂လုံး အရည်ညှစ်ထားပါ ။ မြေပဲလှော်ကို မညက်တညက်ထုထားပါ ။ သူထဲ ထည့်ဖို့ အချဉ်ရည် အဓိက စပ်ရမယ် ။ ကြက်သွန်ဖြူနဲ့ ငြုတ်သီးစိမ်း လက်တဆုပ်စီကို မညက်တညက် ဆုံထဲထည့်ထောင်း ၊ ထညက် ၅လုံးပါ ထည့်ထောင်းပြီး ဇလုံတခုထဲထည့် ၊ အယ့်ထဲကို ပအုန်းရည် မရှိရင် ရှာလကာရည် ၊ ငါးငံပြာရည် ၊ ကင်းမွန်ငံပြာရည် ၊ သကြား ၊ ဟင်းခတ်မူန့်၊ ပဲငံပြာရည်အကြည် ၊ ရေနည်းနည်းနဲ့ သမအောင်မွေပြီး အရသာ ချိုချဉ်ငံစပ် စိတ်ကြိုက်စပ်ထားပါ ။
  5. သုပ်တော့မယ်ဆိုတော့ ဇလုံကြီးတလုံးထဲကို အပေါ်က ပြင်ဆင်ထားတဲ့အတိုင်း ပဲကြာဇံတွေထည့် ပုဇွန် ၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ နံနံပင်၊ မြေပဲထောင်း ၊ သခွားသီး ၊ စပ်ထားတဲ့ချိုချဉ်ငန်စပ် အရည်များများ သံပုရာရည်ထည့်ပြီး သမအောင်နယ်ပါ ။ အရသာအနေတော်ဆို ယိုးဒယားပဲကြာဇံသုပ် ချိုချဉ်ငန်စပ်ရှုးရှဲသုပ် ရပါပြီ ။

Credit: Ohnmar Kyi