ဝက်သား - Pork | ဟင်း - Curry

ယိုးဒယားဝက်ပေါင်နဲ့ ဝက်ခြေထောက်စတူးချက်

May 27, 2016

ယိုးဒယားဝက်ပေါင်နဲ့ ဝက်ခြေထောက်စတူးချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ဝက်ပေါင်
  • ဝက်ခြေထောက်
  • သစ်ဂျပိုးခေါက်
  • နာနတ်ပွင့်
  • ငရုပ်ကောင်းစေ့
  • ကြက်သွန်ဖြူ
  • နံနံပင်အမျှစ်
  • ဆား
  • ဆီ
  • ပဲငံပြာရည်အနှောက်
  • ခရုဆီ
  • သကြား
  • အရသာမှုန့်
  • ကိုက်လန်ရွက်

ပြင်ဆင်ပြုလုပ်နည်း

  1. ဝက်ပေါင်နဲ့ဝက်ခြေထောက်ကို မီးမြိုက်ကာ အမွှေးခြစ်ပြီး သန့်စင်အောင်ဆေးကြောထားပါ ။ ဒယ်အိုးထဲ ဆီထည့်ပြီးဝက်ခြေထောက်များ အပေါ်ယံတင်းပြီး အရောင်ပြောင်းအောင် ကြော်ပေးပြီး ရေသန့်ဖြင့် ဆေးကြောပြီး ရေစစ်ထားပါ ။
  2. ရေနွေးအိုးဆူအောင်တည်ပြီး သစ်ဂျပိုးခေါက် ၊ နာနတ်ပွင့်နဲ့ ငရုပ်ကောင်းစေ့ ၊ ကြက်သွန်ဖြူ ၊ နံနံပင်အမြစ် ဓားပြားရိုက် ထားတာတွေအားလုံးကို အဝတ်ပါးစတစ်ခုဖြင့် စုချည်ကာ ထုပ်ပြီး ရေနွေးအိုးထဲ ထည့်ပြုတ်ပါ ။ ဆား ၊ ပဲငံပြာရည် အနှောက် ၊ ခရုဆီ ၊ သကြား ၊ အရသာမှုန့်စသည်တို့ကို ထည့်ပြီး ရေနွေးပွက်ပွက်ဆူပါက ဝက်ပေါင်နှင့် ခြေထောက်များ ထည့်ပါ ။ မီးပြင်းပြင်းနဲ့ နာရီဝက် ၊ မီးဖြည်းဖြည်းနဲ့ တစ်နာရီခွဲခန့် နူးအိသွားအောင် ပြုတ်ထားရပါတယ် ။
  3. ကိုက်လန်ရွက်ကြိုက်ပါက စားခါနီးမှ ထည့်ပြုတ်စားနိုင်ပါတယ် ။ မုန့်ညှင်းချဉ်ကို ပြုတ်ပြီး ပါးပါးလှီးပြီး အရည်ညှစ်ပြီး ကြက်သွန်ဖြူ ဓားပြားရိုက်ကာ ဆီအနည်းငယ်နဲ့ ကြော်ထားတာနှင့် တွဲဖက်ပြီးစားလို့ အရမ်းကောင်းပါတယ် ။ ကြက်သွန်ဖြူလေး ပါးပါးလှီး ငရုပ်သီးစိမ်းကို ကြိတ်ပြီး ရှာလကာရည်နဲ့ လုပ်ထားတဲ့ အချဉ်ရည်လေးနဲ့ အရမ်းလိုက်ဖက်လှပါတယ် ။ ထမင်းပူပူလေးနဲ့ဆို အလွန်ပင် လိုက်ဖက်လှပါသည် ။
Credit: Thida Lay Lay

Review

User Rating

3.5 (4 Votes)