ယိုးဒယားအစားအစာဟာ မြန်မာတွေနဲ့ သိပ်မစိမ်းတဲ့ အစားအစာပါ။ ယိုးဒယား သင်္ဘောသီးထောင်းဆိုရင် မြန်မာတွေ ခံတွင်းတွေ့တဲ့ အစားအစာ တစ်ခုပဲ ဖြစ်ပါတယ်။ အခု ဆိုရင် မြန်မာနိုင်ငံမှာ ယိုးဒယား အစားအစာတွေ ရောင်းချတဲ့ ဆိုင်တွေလည်း မနဲတော့ပါဘူး။ တစ်ချို့ဟင်းလျာတွေဆိုရင် မြန်မာဟင်းလျာလို့ ထင်ရလောက်အောင် ရင်းနှီးနေကြပါပြီ။

ယိုးဒယားဟင်းတွေကို အိမ်မှာ ချက်စားရမယ့် အခါ သူ့ထဲမှာ ပါဝင်မယ့် မရှိမဖြစ် ဟင်းခတ်ပစ္စည်းတွေကို သိထားသင့်ပါတယ်။

၁။ ယိုးဒယား ငံပြာရည်
ယိုးဒယားလို Nampla လို့ ခေါ်ပါတယ်။ ငါးကိုဆားနဲ့နယ်ပြီး ကြာကြာထားရာကနေ ဖြစ်လာတဲ့ အရည်ကို ခေါ်တာပါ။ မြန်မာလိုကတော့ ငံပြာရည်ပေါ့။ ဟင်းတွေနဲ့ တွဲစားတဲ့ အခါ ငရုတ်သီးစိမ်းတွေကို ပါးပါး လှီးထည့်ပြီး စားကြပါတယ်။ ဟင်းလျာချက်တဲ့ အခါမှာလည်း သုံးပါတယ်။

curry_paste
၂။ ဟင်းချက်အနှစ်
ဟင်းချက်အနှစ်ဘူးတွေကို ဝယ်လို့ ရသလို ကိုယ်တိုင်လည်း လုပ်လို့ရပါတယ်။ အစိမ်းရောင်နဲ့ အနီရောင် နှစ်မျိုး ဝယ်လို့ ရပါတယ်။ အစိမ်းက ငရုတ်သီး အစိမ်း အရသာမျိုး ရှိပြီး အနီကတော့ ငရုတ်သီး အခြောက်နဲ့ လုပ်ထားတာပါ။ နှစ်မျိုးလုံးမှာတော့ စပါးလင်၊ တရုတ်နံနံစေ့နဲ့ ဂျင်းတို့ ပါဝင်ပါတယ်။

rice_vinegar

၃။ ဗင်နီကာ
ယိုးဒယားစာတွေ ချက်တော့မယ်ဆိုရင် မရှိမဖြစ်က ဗင်နီကာပါ။ Cider vinegar ကတော့ အကောင်းဆုံးပါပဲ။

Coconut_milk

၄။ အုန်းနို့
အသင့်စား အုန်းနို့ဘူးတွေ ဈေးကွက်မှာ ဝယ်လို့ ရပါတယ်။ ယိုးဒယားတွေက အနှစ်လှပြီး အရသာပိုလေးပင်စေဖို့ အုန်းနို့ ထည့်ချက်ကြပါတယ်။ Lite နဲ့ Dilite လို့ ရေးထားတာတွေက ရေရောပြီးသားပါ။ သိပ်မပြင်းတော့ပါဘူး။

၅။ ဆန်
ဆန်လှော်ကို တစ်ချို့ဟင်းလျာတွေမှာ ထည့်ပါတယ်။ ထမင်းချက်ပြီးတော့လည်း တွဲစားကြပါတယ်။

chiles

၆။ ငရုတ်သီး
ငရုတ်သီးကတော့ မပါမဖြစ်ပါ။ ပူစပ်စပ် ဟင်းလျာတွေရဲ့ စွဲဆောင်မှုကြောင့် ယိုးဒယားစာတွေဟာ နာမည်ကြီးတာပါ။ ငရုတ်သီးစိမ်းကို သုံးသလို ငရုတ်သီးခြောက်လည်း သုံးပါတယ်။

pepper

၇။ ငရုတ်ကောင်းစေ့
၁၆ရာစုလောက် အမေရိကန်ကနေ ငရုတ်တွေ မရောက်ခင် အရင်ရောက်ခဲ့တဲ့ ဟင်းခတ်ပါ။ ယိုးဒယားစာတွေရဲ့ ပူစပ်ခြင်း မူလက ငရုတ်ကောင်းတွေပါပဲ။ ရိုးရာအစားအစာတွေမှာလည်း တော်တော်များများ သုံးကြပါတယ်။

၈။ သံပုရာသီး
သံပုရာသီးဟာ အသားကင်၊ အသုပ်နဲ့ ထမင်းကြော်တွေမှာ သုံးပါတယ်။ တစ်ခါတရံ သံပုရာရွက်ကိုပါ သုံးကြပါသေးတယ်။ စွပ်ပြုတ်တွေ ချက်ရာမှာ အနံ့မွှေးအောင် သံပုရာရွက်ကို ထည့်ကြပါတယ်။ သံပုရာသီးကလည်း ယိုးဒယားဟင်းလျာတွေအတွက် မရှိမဖြစ်ပါ။

shallots

၉။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ
ယိုးဒယားတွေ အမှန်တကယ် သုံးကြတဲ့ ကြက်သွန်နီကတော့ အရမ်းမကြီးပါဘူး။ အသေးပါ။ ဒီမှာတော့ တစ်ခါတလေ အထုံးလိုက် ရောင်းတဲ့ ကြက်သွန်နီလေးတွေပါ။ မရှိလည်း ကြက်သွန်နီပဲ သုံးလို့ရပါတယ်။ ကြက်သွန်ဖြူနဲ့ နီကတော့ အနံ့တွေနဲ့ အနှစ်တွေ အတွက် မပါမဖြစ်ပါ။

herbleave

၁၀။ ဟင်းခတ်ရွက်
လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းခတ်အမွှေးအကြိုင် အရွက်တွေကို သုံးကြတာ များပါတယ်။ ပူစီနံ၊ ဇီယာ၊ ပင်စိမ်းတို့ အသုံးများပါတယ်။

Credit: eatingwell.com