ငပိ - Ngapi | ငပိထောင်း | အထောင်း - Pounded

ယိုးဒယား ငါးပိထောင်း

December 8, 2015

ယိုးဒယား ငါးပိထောင်း

Share this on:

ပါဝင်ပစ္စည်းများ

  • ပုဇွန်ခြောက် - ၃ ဇွန်း (ထမင်းစားဇွန်း)
  • ကြက်သွန်ဖြူ - ၈ မွှာခန့် 
  • ငရုပ်သီးစိမ်း - ၁၀ တောင့်
  • မျှင်ငါးပိ - ၁ ဇွန်းခန့် (ထမင်းစားဇွန်း)
  • ထန်းလျက် - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ငံပြာရည် - ၁ ဇွန်း
  • ခရမ်းခစော့သီး - လက်တစ်ဆုပ်ခန့်
  • ပလာတူးငါး အကြွတ်ကြော်
  • ဆူးပုပ်ရွက် နှင့် ကြက်ဥကြော်
  • အသီးအရွက်များ

ပုလုပ်နည်း

  1. ပုဇွန်ခြောက် ထမင်းစားဇွန်း ၃ ဇွန့်ကို ရေစင်အောင်ဆေးပြီး ငရုပ်ဆုံထဲထည့်ထောင်ပါ ။
  2. ကြက်သွန်ဖြူ ၈ မွှာခန့် ၊ ငရုပ်သီးစိမ်း ၁၀ တောင့် ၊ မျှင်ငါပိ ထမင်းစားဇွန်း တစ်ဇွန်းခန့်ကို မီးဖုတ်ပြီး ရောထောင်းပါ ။
  3. ထန်းလျက် ထမင်းစားဇွန်း ၁ ဇွန်း ၊ ငံပြာရည် ၁ ဇွန်း ၊ခရမ်းခစော့သီး အညှာခြွေပြီးသား လက်တစ်ဆုပ်ခန့် ထည့်ထောင်းပြီး သံပုရာသီး ၂ လုံးခန့်အရည်ညှစ် ထည့်ပြီး စားသုံးနိုင်ပါပြီ ။
  4. တွဲဖက် စားမဲ့အရာတွေကတော့ ပုံထဲကအတိုင်းပါဘဲ ပလာတူးငါး အကြွတ်ကြော်၊ ဆူးပုပ်ရွက် နှင့် ကြက်ဥကြော်၊ အခြား မိမိနှစ်သက်ရာ မည်သည့် အသီးအရွက်များ နှင့်မဆို တွဲဖက်ပြီး စားနိုင်ပါတယ် ။
Credit: Thida Lay Lay

Review

User Rating

3.2 (15 Votes)