ငပိ - Ngapi | ငပိရည် | ပုဇွန် - Prawn | အတို့ - Dip Vegetable

ယိုးဒယား ပုဇွန်ငါးပိဖျော်နည်း

December 12, 2015

ယိုးဒယား ပုဇွန်ငါးပိဖျော်နည်း

Share this on:

ပါဝင်ပစ္စည်း

  • ပုဇွန် ၆ကောင်
  • မျှင်ငါးပိ ဇွန်းတဝက်ခန့် (ထမင်းစားဇွန်း)
  • ကြက်သွန်ဖြူ ၅တက်
  • ငရုပ်သီးစိမ်း ၈တောင့်
  • သကြား ၁ဇွန်း (လဖက်ရည်ဇွန်း)
  • ငါးငံပြာရည် ၁ဇွန်း (ထမင်းစားဇွန်း)
  • သံပုရာသီး ၁လုံး
  • ရေကျက်အေး ၅ဇွန်း (ထမင်းစားဇွန်း)
  • အသီးရွက်ပြုတ်အစုံ
  • ဆူးပုပ်
  • ဘဲဥကြော်
  • ငါးကြော်
  • ဘဲဥပြုတ်

ပြုလုပ်နည်း

  1. မျှင်ငါးပိ ထမင်းစားဇွန်း တဝက်ခန့် မီးဖုတ်ထားပါ ။
  2. ပုဇွန်၆ကောင်ခန့်မီးကင်ထားပါ ။
  3. ကြက်သွန်ဖြူ ၅တက်၊ ငရုပ်သီးစိမ်း ၈တောင့်ခန့် ရောထောင်းပါ ။
  4. ငါးပိမီးဖုတ် နဲ့ ပုဇွန် ၃ကောင်ခန့် ရောထောင်းပါ။
  5. ပြီးလျှင် ပုဂံလုံးထဲတွင် ထောင်းထားသော (၃ နှင့် ၄)ကို သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ငါးငံပြာရည် ထမင်းစားဇွန်း ၁ဇွန်း၊ သံပုရာသီး ၁လုံးခန့် ညှစ်ထည့်ပြီး ရေကျက်အေး ထမင်းစားဇွန်း ၅ဇွန်းခန့် ထည့်ပါ ။
  6. ပြီးလျှင် ကျန်ပုဇွန်၃ကောင်ကို အခွံခွာပြီး အတုံးသေးလေးတွေ တုံးပြီးသားနဲ့ ခရမ်းကစော့သီး၂၀ခန့် ကိုပါ ထည့်ရ်ျ် ရောမွှေပါ။
  7. သီးရွက် ပြုတ်အစုံ၊ ဆူးပုပ်၊ ဘဲဥကြော်၊ ငါးကြော်၊ ဘဲဥပြုတ်တို့နဲ့ တွဲဖက်စားနိုင်ပါပြီ ။
Credit: Thida Lay Lay

Review

User Rating

5 (4 Votes)