ယိုးဒယား ဝက်သား ငရုတ်သီးထောင်း

Share this on:

ပါဝင်ပစ္စည်းများ

  • ဝက်သားစဉ်း - ၅၀၀ ဂရမ်
  • ငရုတ်ခြောက် - ၂၅ ဂရမ်
  • ကြက်သွန်နီ - ၅၀ ဂရမ် (၁/၂ ခွက်)
  • ကြက်သွန်ဖြူ - ၅၀ ဂရမ်
  • ပုဇွန်ငပိ - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • လှီးထားသော ခရမ်းချဉ်သီး - ၅၀၀ ဂရမ်
  • ဆီ - ၁/၂ ခွက်
  • ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ငံပြာရည် - ၁/၄ ခွက်
  • သကြား - ၁/၄ ခွက်
  • ရေ - ၁/၂ ခွက်

ပြုလုပ်နည်း

  1. ဦးစွာ ငရုတ်ခြောက် ၊ ကြက်သွန်နီ ၊ ပုဇွန်ငပိ ၊ ကြက်သွန်ဖြူ ၊ ဆား တို့ကို ငရုပ်ဆုံ ထဲထည့်ကာ ထောင်းထားပါ ။
  2. ပြီးလျှင် ဒယ်အိုးထဲ ဆီ ထည့်ပြီး ပူလာလျှင် ထောင်းထားတာ အားလုံးကို ဆီသတ်ပါ ။
  3. ဆီသတ်ထားတာ မွှေးလာလျှင် ဝက်သား နှင့် ခရမ်းချဉ်သီး တို့ကို ထည့်ပါ ။ ရေ ထပ်ထည့်ပါ ။
  4. ပြီးလျှင် အရသာ အတွက် ငံပြာရည် ၊ သကြား တို့ကို ထည့်ပါ ။ ယိုးဒယား ဝက်သား ငရုတ်သီးထောင်းလေး ရပါပြီ ။
Credit: N&S Food House

Review

User Rating

0 (0 Votes)