ယိုးဒယား - Thai | အသီး - Fruits | အထောင်း - Pounded

ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး

July 30, 2016

ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး

Share this on:

အိမ်မှာထောင်စားတဲ့ စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီးထောင်းလေး လုပ်စားကြရအောင်နော်..။

 

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီး ခြစ်ပြီးသား - ၁ ပန်းကန်
  • သံပုရာသီး - ၁ လုံး
  • ခရမ်းချဉ်သီး - ၂ လုံး
  • ခရမ်းကျွတ်သီး - ၂ လုံး
  • ပဲတောင့်ရှည် - ၂ တောင့်
  • ဥနီ - ၁ပိုင်း (အမျှင်လေးများခြစ်ထားပါ)
  • ကြက်သွန်ဖြူ - အနည်းငယ်
  • ပုဇွန်ခြောက် - အနည်းငယ်
  • မကျည်းဖျော်ရည် - အနည်းငယ်
  • ငရုတ်သီး - အနည်းငယ် (ချိန်ဆထည့်ပါ)
  • ပုဇွန်ငံပြာရည် - အနည်းငယ်
  • ဂဏန်းငါးပိ - အနည်းငယ် (မရှိပါက ငါးပိ ရိုးရိုး ကြိုပြီး ထည့်ပါ)
  • ဟင်းချိုမှုန့် - အနည်းငယ်
  • ထန်းလျက်ရည် - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ငရုတ်ဆုံ သန့်သန့် ထဲသို့  ငရုတ်သီး အနည်းငယ် ထည့်ပြီး ထောင်းပါမယ် ။
  2. ငရုတ်သီးကို ၄ စိတ် ကွဲရုံ အနည်းငယ် ထောင်းပြီးသည်နှင့် ကြက်သွန်ဖြူ ထည့်ပါ ။ ပဲသီး ထည့်ပါ ။
  3. သင်္ဘောသီး ခြစ်ပြီးသား ထည့်ပါ ။ ခရမ်းချဉ်သီး လှီးထည့်ပါ ။ ဥနီ ခြစ်ပြိးသာ ထည့်ပါ ။
  4. ထန်းလျက်ရည် အနည်းငယ် ထည့်ပါ ။ အချို မကြိုက်သူများ မထည့်လည်း ရပါတယ် ။
  5. မန်ကျည်းရည် ဟင်းခတ် ဇွန်း ၂ ဇွန်း ထည့်ပါ ။
  6. ငံပြာရည် ၁ ဇွန်း ၊ အချို မှုန့် အနည်းငယ် ၊ ငါးပိ ၁ ဇွန်း နှင့် ပုဇွန်ခြောက် အနည်းငယ် တို့ကို အချိုးကျ ပေါင်းစပ်ပြီး သံပုရာသီး လှီးထည့်ကာ အနည်းငယ် ထောင်းလိုက်ပါက ယိုးဒယား သင်္ဘောသီးထောင်း ရပါပြီ ။

မုန့်ဟင်းခါးဖတ် ၊ ကြက်ကင် ၊ အသီးအရွက် အမျိုးမျိုး ၊ ဥပမာ - လတ်ဆတ်သော ဂေါ်ဖီ ၊ ကန်စွန်းရိုးနီ အညွန့် ၊ ပဲသီး စသည်တို့ဖြင့် တွဲဖက် သုံးဆောင် နိုင်ပါသည် ။ ** ကြေညက်အောင် မထောင်းရပါ ။ အရသာကို မိမိ စိတ်ကြိုက် ပြင်ဆင် သုံးဆောင်နိုင်ပါသည် ။

My Food Myanmar

Review

User Rating

3.7 (3 Votes)