ဟော့ပေါ့ - Hot Pot

ယူနန် ဟော့ပေါ့

January 24, 2016

ယူနန် ဟော့ပေါ့

Share this on:

အပိုင်း(၁) ဈေးဝယ်ခြင်း

  1. ပစ္စည်းဝယ်တဲ့အခါ မိမိ နှင့် အတူစားမဲ့ လူဦးရေအလိုက် ဝယ်သင့်သည်။ လောဘမများပါနဲ့  နဲနဲစီ ဆိုရင်ကို များသွား မှာ ထိန်းဝယ်ပါ။
  2. ဈေးဝယ်တဲ့အခါ လိုတဲ့ပစ္စည်း မမေ့ဖို့ လိုအပ်ပါတယ်။
  3. လတ်ဆတ်ဖို့ လိုအပ်ပါတယ်။
  4. ဝယ်တဲ့ပစ္စည်းကို အသီးအရွက်၊ အသား၊ အစာပလာ၊ အခြား ပစ္စည်းဆိုပြီး ခွဲထားပါ။ ( ***အသီးအရွက် လတ်ဆတ်ဖို့ အလိုအပ်ဆုံးပါ။)
  5. ဟင်းရည် ကောင်းဖို့ဆိုတာ အသီးအရွက်ပေါ် အရမ်းမူတည်ပါတယ်။

ပါဝင်ပစ္စည်းများ

I.  အသီးအရွက်

  1. ပိန်းဥ (မပါမဖြစ်)
  2. မုန်လာဥနီ (မပါမဖြစ်)၊
  3. ပဲ(ကြိုက်တဲ့ပဲ အစိမ်းရောင် ထည့်လျှင်ပိုစားကောင်းသည်)၊
  4. အာလူး (ကြိုက်လျှင်ထည့်နိုင်)
  5. မုန်လာဥဖြူ (ကြိုက်လျှင်ထည့်)
  6. မုံညင်းရွက် (ကြီးသော နဲနဲရင့်သော အရွက်က ပိုကောင်းသည်)
  7. စမုံစပါး (ပါလျှင်ပိုကောင်း)
  8. ပဲရွက် (ရွေးပြီးသားဝယ်ပါ)
  9. ထုံဟော် မုံညင်းဖြူ
  10. မိမိ ကြိုက်နှစ်သက်သော နုသော အရွက်များ ရွေးဝယ်နိုင်သည်။

II. အသား

  1.  ဝက်သား (မစားလျှင် မထည့်လည်းရသည်)။ ဝက်သား ပါရင်တော့ ပိုချိုသည်။
  2. ဝက်ရိုးဝယ်ပါ (ဟင်းရည် အတွက်မပါမဖြစ်ပါ)
  3. အသား(အဆီနဲနဲပါ) ကို ၅၀သားလောက်ဝယ်ပါ
  4. နံရိုး အစိတ်သားလောက်ဝယ်ပါ
  5. ကြက်သား (တစ်ကောင်ဝယ်လျှင် အဆင်ပြေပါသည်)
  6. ဝက်သားမစားသူများအတွက် ငါးတစ်ကောင်ဝယ်ပါ (ဝက်သားစားလျှင် မဝယ်ပါနဲ့)
  7. ငါးဖယ် နဲနဲဝယ်ပါ (ကြက် ဥလိပ် လုပ်ဖို့ပါ)
  8. ပုဇွန် ကြိုက်တယ်ဆို နဲနဲ ဝယ်ပါ

III. အစာပလာ

  1. ဆား
  2. ဂျင်း
  3. ကြက်သွန်ဖြူ
  4. ငရုတ်သီး
  5. သံပုရာသီး
  6. စောက်ကော်မုန့်
  7. ပါကော်မုန့်
  8. ငရုတ်ကောင်း
  9. အကြော်မှုန့် ဂျုံမုန့် (ဝက်စအု အတွက်ပါ သူက တရုတ်ဈေးမှာ လုပ်ပြီးသားရှိတယ် လုပ်ပြီးသားဝယ်ရင်တော့ ဝယ်စရာမလိုပါ )
  10. နံနံပင်
  11. နူမ်း
  12. ကြာညို့
  13. အခြား ဝက်ခေါက် (လုပ်ပြီးသား ဈေးမှာ ရေစိမ် ပြီးရောင်းတာ ပိုကောင်းတယ် မရရင် အထုပ်တွေလည်းသုံးလို့ရတယ် )
  14. မျှစ်ဝါခြောက် ရေစိမ် (သူလည်း တရုတ်ဈေးမှာပေါပါတယ် ဝယ်ရတာလွယ်တယ်)
  15. ငုံးဥ
  16. ကြက်ဥ
  17. ဂျုံမူန့် (ဝက်စအုကို ကိုယ်တိုင် လုပ်မယ်ဆို ပိုဝယ်ပါ မဟုတ်ရင် ကြက်ဥလိတ်ဖို့ နဲနဲတော့ လိုလိမ့်မယ်)
  18. ဝက်ပေါင်ခြောက် အချပ် (မဝယ်လည်းရ)
  19. ကြာဇံ (ယိုးဒယားထုပ် )
  20. ဆန်အရက် နဲနဲ
  21. အသားတု (hot pot ဟင်းရည်က အရမ်းကောင်းတော့ ဟင်းရည်ထဲ ထည့်စားဖို့ပါ)
  22. မနက်ဈေးမှာ ဝက်စအုတွေ ကြော်ရောင်းပြီးသားရှိတယ်။ (အလုပ်ရူတ်တာ သက်သာချင်ရင် ဝယ်သင့်တယ်)

အပိုင်း(၂)

Hot Pot စားတဲ့ အိုးနဲ့ချက်လျှင် ပိုရ်ျ စားကောင်းပါတယ်။ မရှိလျှင် မီးထိုး(ပလပ်ပေါက် ပါတဲ့အိုး ) လည်း အဆင်ပြေပါတယ်။  Hot Pot အိုးကို ၇၆ လမ်း ဈေးမှာ ဝယ်လို့ရပါယ်။  ပထမနဲ့ အရေးကြီးဆုံးက ဟင်းရည် အိုးတည်ဖို့ပါ ရှိတဲ့အိုးနဲ့တည်ပါ။ တည်တာ ကြာလေ ကောင်းလေပါ။

ချက်ပြုတ်ခြင်း

  1. ဝယ်လာတဲ့ အရိုးကို သန့်စင်ပြီး ရေနည်းနည်းနဲ့ အရင် ပြုတ်ပါ။ ပထမတခါ ပြုတ်တဲ့ အရည်ကို သွန်လိုက်ပါ။
  2. ပြီးရင် ရေအပြည့်နီးပါးနဲ့ ဂျင်း (ရိုက်ပြီးထည့်ပါ)။ ဆား၊ စောက်ကော်မုန့် ၊ ပါကော်မုန့်နဲ့ တည်ထားပါ။ (ဟင်းရည် အိုးကို မကြာခဏ လှန်ကြည့်ပေးပါ။  အမြှုပ်တွေ ခပ်ထုတ်ပေးပါ)။ ရေကုန်ရင် ထပ်ထပ်ဖြည့်ပါ။  ဘယ်လောက် တည်သင့်သလဲ ဆိုတာတော့ မရှိပါဘူး။  ကြာလေ ကောင်းလေပါ။
  3. ငုံးဥပြုတ်ထားပါ။
  4. ပြီးလျှင် အသားနဲ့ အသီးအရွက် နှစ်ပိုင်းခွဲပြောမယ်။
  5. အချိန်နည်းနည်းပေးရမည့် အသားတွေ ပြောမယ်။
  6. အားလုံးကို သန့်စင်အောင် ဆေးဖို့က အဓိကကျပါတယ်။
  7. ကြက်သားကို လိုချင်တဲ့ အတုံး (နဲနဲ သေးတာ ပိုကောင်းတယ် ဆိုင်ကို ခုတ်ခိုင်းပါ) ရပြီးရင် ရေဆေးပါ။
  8. ဇလုံတခုထဲတွင် ဆား၊ ဆန်အရက်၊ စောက်ကော်မုန့်အနည်းငယ်စီ ထည့်ပြီး နယ်ထားပါ။
  9. အိုးထဲ ဆီ အနည်းငယ်ထည့်ရ်ျ ဆီပူပြီဆို ကြက်သားထည့် ကြော်ပါ။  (ကျက်စရာမလိုပါ။ အရောင်ပြောင်းသွားရင် တော်ပါပြီ )။  ပြန်ဆယ်ပြီး ဇလုံထဲ ပြန်ထည့်ပါ။
  10. နံရိုးပါ ဝယ်ထားရင်တော့ ကြက်သားနည်းတူ လုပ်ပါ။ (တခါတည်းရော လုပ်လည်းရပါတယ်)
  11. ဝက်သားလုံးကြော် လုပ်ကြရအောင် –  အသားအဆီရောကို နုတ်နုတ်စင်းပါ။ ဂျင်း နည်းနည်းလေး (ပါတယ်ဆိုရုံ) စင်းထည့်ပေးပါ။ ဆားအနည်းငယ် ထည့်ပြီး နယ်ပါ။  ကြက်ဥ ၁ လုံး၊ ဂျုံမုန့် (ပါတယ်ဆိုရုံ) ထည့်နယ်ပါ။
  12. ဒယ်အိုးထဲတွင် ဆီပူလာပြီဆို နယ်ထားတာလေးကို လုံးပြီးထည့်ပါ။ (အရောင် ဝါလာပြီဆို ဆယ်လိုက်ပါ )။
  13. ပဲပြား (နံတာ ဝယ်ထားရင် ပန်းကန်ပြားပေါ်ခင်းပါ။ ဆားနဲနဲ၊ ငရုတ်ကောင်း နဲနဲဖြူးပါ)။  ပြီးရင် ကြော်လို့ရပြီ (နံတဲ့ ပဲပြားဆို နောက်ဆုံးမှ ကြော်သင့်ပါတယ်)။ နံတာမကြိုက်လို့ ရိုးရိုးပဲပြား ဆိုလည်း ရပါတယ်။ (အရောင် ပြောင်းတဲ့ထိ ကြော်ပါ)။
  14. ဝက်စအုကြော်  –  ကိုယ်တိုင်မှ လုပ်ချင်တယ် ဆိုသူများအနေနဲ့ ဝက်သား အဆီရောလေး ကို အမြောင်း မတို အရှည်လေး နဲနဲ လေး ထူပေး စွဲထားပါ။ ဇလုံထဲ အသားထည့်၊ ဂျုံမုန့်ထည့် ၊ အကြော်မုန့်ထည့်၊  ကြက်ဥ တလုံးထည့်၊ ဆားနဲနဲထည့်မွှေပါ ။
  15. အရည် မရဘူးဆို ရေနည်းနည်းချင်း ထည့်ပါ။ အရည်ပြစ်ပါစေ။ ကျဲရင် စားမကောင်းပါ။  ပြီးရင် ဆီပူတဲ့ အိုးထဲကို ထည့်ကြော်ပါ။  ဝါလာပြီဆို ဆည်လိုက်ပါ။
    (PS အထူးမှာချင်တာက ဒီလိုချက်တာတွေ မကျက်မှာကို ပူစရာမလိုဘူး မီးပေးပြီး ပြန်တည်အုံးမှာမို့ လုံးဝစိတ်ချပါ။ တခါတလေ ကျက်ပါ့မလား ဆိုပြီး စိတ်ပူတတ်ကြတာ မြင်ရတတ်တယ်။)
  16. ကြက်ဥလိပ် လိပ်ကြရအောင် – ကြက်ဥ ခေါက်ရ်ျ ကြော်ပါ။ ပါးပါးလေးရအောင် လုပ်ပါ။  ဆီပါးပါးလေးသုပ်ပြီး ကြော်ပေးပါ ကြက်ဥ ချပ်တွေ ရလာပြီဆို အထဲကအစာ ထည့်ဖို့ပြင်ရအောင် တကယ်တော့ ဝက်သား၊ ကြက်သား၊ ငါးဖယ် ကြိုက်တာ သုံးပါ။
  17. အလုပ်ရူပ်သက်သာတဲ့ ငါးဖယ်သုံးတာများတယ်။ ကြက်၊ ဝက်ဆို နုတ်နုတ်စင်း ရအုံးမှာ မို့ပါ။
  18. အရောင် လှအောင်ဆို မုန်လာဥနီ ပါတယ်ဆိုရုံ နုတ်နုတ်စင်းပြီးထည့်တယ်။
  19. ပြီးရင် ငါးဖယ်ရယ်၊ ဆားနဲနဲရယ်၊ ငရုတ်ကောင်းရယ် နယ်ပေးပါ။
  20. ကြော်ထားတဲ့ ကြက်ဥချပ်ပေါ် ဂျုံ (ပျစ်ပျစ်လေးဖျော်ထားပါ)။  နဲနဲကပ်ပြီး အစာကို ခင်းပေးပါ။ ပြားလေ ကောင်းလေပါ။ လိပ်ပါ အပေါ်ကနေ အပေါက် လေးဖောက်ပေးပါ (သွားကြားထိုးတံ က အဆင်ပြေတယ်)။
  21. အားလုံးပြီးရင် ပေါင်းအိုးထဲ ၁၅မိနစ်လောက် ထည့် ပေါင်းပါ။
  22. အသီးအရွက်တွေမှာ တခါတည်း ထည့်ချက်ရမှာက ပိန်းဥ အတုံး အလတ်စား၊ မုန်လာဥဖြူ အတုံးလေး၊ မုံညင်းရွက် (ရင့် တာ) အပိုင်းပိုင်း ဖြတ်ထားပါ။
  23. ပြုတ်စားရမှာက အဓိက ပဲရွက် (ချက်ချင်းရေမဆေးပါနဲ့ စားခါနီးကျမှ ရေဆေးပါ)။ အခြား မိမိကြိုက်သည့် မည်သည့် အရွက်နုကို မဆို ပြုတ်စားနိုင်သည်။

အပိုင်း(၃) ပြင်ဆင်ခြင်း

Hot pot အိုးရှိသူရော မရှိသူပါ ဒီအစီအစဉ် အတိုင်းထည့်ပါ။

  1.  အောက်ဆုံးထပ်မှာ ပိန်းဥ မုန်လာဥဖြူ ခင်းပါ။
  2. ပြီးလျှင် မုံ့ညင်းရွက် ခင်းပါ။
  3. ကြက်သားကြော် နှင့် နံရိုးကြော် ထားပြီး ခင်းပါ။
  4. ဝက်စအုကြော်၊ ဝက်သားလုံးကြော် ခင်းပါ။
  5. ငုံးဥ ခင်းပါ။
  6. ဝက်ခေါက် (ဝယ်ထားသော)၊ မြစ်ဝါခြောက် ရေစိမ် ခင်းပါ။
  7. ပြီးလျှင် အရိုးဟင်းရည် ထည့်ပါ။
  8. Hot pot မီးထည့်ပါ။ ပလပ်ပေါက် အိုးဆိုလည်း မီးထိုးပါ။
  9. အနည်းဆုံး ၂:၃၀နာရီ လောက် ပြုတ်ဖို့လိုပါသည်။ ( ဟင်းရည် မကြာခဏ စစ်ပေးပါ။ ခမ်းသွားမှာကို ကြောက်လို့) ပလပ်ပေါက် ထိုးတဲ့အိုး ဆိုလည်း မီးအကြီး အသေးကို စားမည့်အချိန်နဲ့ ချိန်ကိုက် လုပ်ပါရန်)

အချဉ်ဖျော်နည်း

  1.  ကြက်သွန်ဖြူထောင်းပါ။ ငရုတ်သီးကို သေးသေးလေး စင်းထားပါ။ နံနံပင်စင်းထားပါ။
  2. သုံပုရာသီးချဉ် အတွက် သုံပုရာသီး လိုသလောက်ညစ်ပါ။
  3. ဆားနဲနဲ၊ ကြာညို့ နဲနဲ၊ နှမ်းထောင်း၊  ကြက်သွန်ဖြူကြော် ထည့်ပါ။ မိမိလိုသည့် အချဉ်ဓါတ် ရလျှင် ရေနဲနဲ ထည့်မွှေပါ။
  4. ဆော့ချဉ် အတွက် Chitto သုံးပါသည်။
  5. ကြက်သွန်ဖြူထောင်း၊ ငရုတ်သီးစင်း၊ နံနံပင်ကို ဆော့နှင့်ရောပါ၊ သကြားနဲနဲထည့်၊ သံပုရာသီး တစ်လုံးညစ် သမအောင် မွှေပြီးလျှင်ရပါပြီ။

Credit: Chef KoKoeee / Join Me For A Better Taste