အသီး - Fruits | အသုပ် - Salad

ရခိုင် ရှောက်သီးသုပ်

May 6, 2016

ရခိုင် ရှောက်သီးသုပ်

Share this on:

ပါဝင်ပစ္စည်းများ

  • ရှောက်သီး
  • ငရုတ်သီးခြောက်
  • စိမ်းစားငပိ
  • ဆား
  • အချိုမှုန့် (သို့) သကြား
  • ငရုတ်ကောင်း
  • ကန်စွန်းရွက်

ပြင်ဆင်ပြုလုပ်နည်း

  1. ရှောက်သီးကို သေချာအခွံခွါပြီး အထဲက အမွှာလေးများကို ထုတ်၍ ရေထဲ စိမ်ပေးထားပါ ။
  2. ငရုတ်သီးခြောက် ၊ စိမ်းစားငပိကို ညက်အောင် သေချာထောင်းပါ ။ ဝမ်းလျှောဝမ်းနာမဖြစ်အောင် ငရုတ်ကောင်းထည့်ပေးပါ ။
  3. ရှောက်သီးရဲ့ အချဉ်ဓါတ်ကိုထိမ်းအောင် ကန်စွန်းရွက် ပါးပါးလှီးထည့်ပေးရမှာပါ ။ ပြီးရင်တော့ အချို ၊ အငန် လိုသလောက် ထည့်ပြီး အကုန် ရောနယ်ပေးရုံပါပဲ ။ ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ် အရသာနဲ့ ရခိုင်ရှောက်သီးသုပ်ရပါပြီ ။
(ပုဇွန်ခြောက်မှုန့် နှင့် ကြက်သွန်နီ ပါးပါးလှီးပြီးသာကို ကြိုက်နှစ်သက်ပါက ထည့်နိုင်ပါသည်)

Credit: အစားအစာကမ္ဘာ

Review

User Rating

5 (1 Votes)