အသားဟင်းမကြိုက်ဘူး ငါးဟင်းလေးကိုကြိုက်သူတွေအတွက် အဆီအနှစ်တွေမပါဘဲ ရနံ့မွှေးငါးပြုတ်လေး ချက်စားကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • ငါးအသားလွှာ ၄၀၀ ဂရမ်
  • ချင်း ၁ တက် (မျှင်မျှင်လေးလှီးပါ)
  • ကြက်သွန်ဖြူ နုပ်နုပ်စင်း ၁/၂ ဇွန်း( ထမင်းစား)
  • စပါးလင် ၂ ချောင်း ( ၁လက္မအရွယ်ခပ်စောင်းစောင်း လှီးပါ)
  • တောရှောက်ခါးရွက် ၂ ရွက်

  • သံပုရာရည် ၂ ဇွန်းနှင့် ငါးငံပြာရည် ၂ ဇွန်း
  • ရေ(သို့) ပာင်းရွက်ပြုတ်ရည ၁ခွက်
  • သကြား ဇွန်းဝက်
  • နံနံပင်နှင့်ငရုတ်သီးတောင့်နီ အလှဆင်ရန်
  • သံပုရာသီးပါးပါး အလှဆင်ရန်

ပြင်ဆင်ပြုလုပ်နည်း

၁။ အရေခွံထုတ်ထားတဲ့ ငါးအသားလွှာကို ၃- ၄ ပိုင်းပိုင်းပါ ။

၂။ ရေ(သို့)ပာင်းရွက်ပြုတ်ရည်ကို ဆူအောင်အပူပေးပါ ။ ဆူလာလျှင် ချင်း ၊ စပါးလင် ၊ ကြက်သွန်ဖြူ ၊ တောရှောက်ခါးရွက်တို့ထည့်ပြီး အနံ့ရယူပါ ။

၃။ထို့နောက် ငါးအသားလွှာများထည့်ပေါင်းပြီး ငံပြာရည် ၊ သကြား ၊ သံပုရာရည်တို့ နှင့် အရသာသွင်းပါက ပြန်လည်ဆူပွက်အောင် အပူပေးပါ ။

၄။ ငါးနှုးအိသွားလျှင် ပာင်းခတ်အမွေးအကြိုင်တွေကို စစ်ထုတ်ပြီး ငရုတ်သီးတောင့်နီ ၊ နံနံပင် ၊ သံပုရာကွင်းလေးများဖြင့် အလှဆင်သုံးဆောင်ပါ ။