အသီး - Fruits | အကြော် - Fried

ရိုးရိုး အာလူး အိုးကပ်ကြော်

April 18, 2016

ရိုးရိုး အာလူး အိုးကပ်ကြော်

Share this on:

အာလူး အမျှင်လေးကို အနောက်တိုင်း နိုင်ငံတွေမှာတော့ အိုးကပ်အောင် ကော်ပြီး ချိစ်ထည့်ပါသည် ။ အဲလိုလုပ် စားမည်ဆိုလျှင် အောက်ပါ နည်းအတိုင်းကို ဆနွင်း ၊ မဆလာ မထည့်ပဲ ကျက်ခါနီးမှ အာလူးပေါ်တွင် ချိစ်ထည့်ရ်ျ ချိစ်အရည်ပျော်လျှင် မီးဖိုပေါ်မှ ချခါ သုံးဆောင်နိုင်သည် ။

ပါဝင်ပစ္စည်းများ

  • အားလူးအနေတော် - ၃ လုံး
  • ဆား - လက်ဖက်ရည်းဇွန်း တစ်ဝက်
  • သကြား - လက်ဖက်ရည်းဇွန်း တစ်ဝက်
  • ဆနွင်း - အနည်းငယ်
  • မဆလာ
  • ဆီ - ထမင်းစားဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

  1. အာလူး လက်သီးဆုပ် အရွယ် သုံးလုံးကို ခြစ်နှင့် အမျှင် ရအောင် ခြစ်ထားပါ ။ ပြီးလျှင် ဆား လက်ဖက်ရည်ဇွန်း တ၀က် ၊ သကြား လက်ဖက်ရည်ဇွန်း တ၀က် ၊ ဆနွင်း အနည်းငယ် ၊ မဆလာ(ကြိုက်လျှင်) ထည့်ရ်ျ နယ်ပါ ။ မကပ်သော ဒယ်အိုးကို အသုံးပြုပါက ဆီကို ထမင်းစားဇွန်း ၁ ဇွန်းခွဲထည့် ရိုးရိုးဆိုလျှင် ဆီ ထမင်းစားဇွန်း ၃ ဇွန်းကို ထည့်ရ်ျ ဆီကို အိုးအနှံ့ ဖြစ်အောင်လုပ်ပါ ။
  2. ဆီ ပူလာလျှင် အာလူးကို ထည့်ရ်ျ ပါးပါးလေးဖြစ်အောင် ဖြန့်ပေးပါ ။ နောက်ထပ် ဆီ ထမင်းစားဇွန်း ၁ ဇွန်းကို အိုးရဲ့ ဘေး ပတ်ပတ်လည် အနားတွေ မကပ်အောင် သုပ်ပေးပါ။ ကြိုက်နှစ်သက်တဲ့ အနေအထား (အပျော့ ကြိုက်လျှင် အကြွပ်ကြိုက်လျှင်အကြွပ်) ရလျှင် နောက်တဖက်လှန်ပါ ။ ကျက်လျှင် မီးဖိုပေါ်မှ ချရ်ျ သုံးဆောင်နိုင် ပါသည်။
Credit: Ei San's Homemade Inspiration

Review

User Rating

4 (5 Votes)