ရှမ်းချဉ် ထမင်းကြော်

Share this on:

ရှမ်းချဉ် ထမင်းကြော်.ingredients

ပါဝင်ပစ္စည်း

  • ရှမ်းချဉ် - 100g
  • ထမင်း - ၁ လုံး
  • ပုစွန် - ၁၀ သား
  • CPကြက်အူချောင်း - ၂ ချောင်း
  • ဂဏန်းချောင်း - ၂ ချောင်း
  • ဝက်အူချောင်း - ၅ ကျပ်သား
  • ပဲပြား - (၁)ဝက်
  • မုန်လာဥနီ(ကြီး) - (၁)ဝက်
  • ဘိုစားပဲ - ၅ တောင့်
  • ပန်းပွင့် - အနည်းငယ်
  • မုန့်ညင်းထုပ် - အနည်းငယ်
  • ကြက်သားမှုန့် - ၁ဇွန်း(စားပွဲတင်)
  • ပဲငံပြာရည်အကြည် - ၁ဇွန်း(စားပွဲတင်)
  •  ပဲငံပြာရည်အနောက် - ၁ဇွန်း(စားပွဲတင်)
  • သကြား - ၁ဇွန်း (လက်ဖက်ရည်)
  • ကြက်သွန်ဖြူ - ၅ မွှာ
  • ငရုတ်ပုထောင်း - အနည်းငယ်
  • ငရုတ်ကောင်း - အနည်းငယ်
  • ကြက်သွန်မိတ် - အနည်းငယ်
  • ကြက်ဥ

ပြုလုပ်နည်း

  1. ပုစွန်ကို အခွံခွာ ဂျီးထုတ် ရေဆေးထားပါ ။
  2. ကြက်အူချောင်း ၊ ဝက်အူချောင်း ၊ ဂဏန်းချောင်း ၊ အသီးအရွက် ၊ ရှမ်းချဉ်တို့ကို လှီးထားပါ ။
  3. ထမင်းကို ကြက်သားမှုန့် အနည်းငယ်ဖြင့် နယ်ထားပါ ။
  4. ဝက်အူချောင်း ၊ ကြက်ဥကို ကြော်ပြီး ဆယ် ထားပါ ။
  5. အိုးထဲသို့ ဆီ ၃ဇွန်းခန့် ထည့်ပြီး ၊ ပူလာလျှင် ကြက်သွန်ဖြူ ဓားပြား ရိုက်ထည့်ပါ ။ ပုစွန်ထည့်ပါ ။
  6. ငရုတ်ပု ထောင်းထည့်ပါ ။ ကြက်အူချောင်း ၊ ဂဏန်းချောင်း ၊ ပဲပြားထည့်ပါ ။ ခဏမွှေပြီးလျှင် ရှမ်းချဉ် ထည့်ပါ ။
  7. ၂ မိနစ်လောက်နေလျှင် အသီးအရွက်များ ထည့်ပါ ။ သကြား ၊ ပဲငံပြာရည်အကြည် ၊ အနောက် ။ ကြက်သားမှုန့် ထည့်ပြီး မွှေပါ ။
  8. အသီးအရွက်များ ရလျှင် နယ်ထားသော ထမင်းထည့်ပြီး မွှေပါ ။
  9. အရသာ အနေတော်ဖြစ်လျှင် ကြက်သွန်မိတ် ၊ ငရုတ်ကောင်း ၊ နှမ်းဆီမွှေး ၂စက်ခန့် ထည့်၍ ရပါပြီရှင်။

Credit: ချက်ကြည့်ကျစို့

Review

User Rating

4 (2 Votes)