ပါဝင်ပစ္စည်းများ

  • ပဲပုတ်အစို – ၁၀ သား
  • ခရမ်းချဉ်သီး အသေး – ၅ လုံး (ပါးပါးလှီးထားပါ ။)
  • ကြက်သွန်နီ အကြီး – ၁ လုံး (ပါးပါးလှီးထားပါ ။)
  • ကြက်သွန်ဖြူ အသေး – ၁ လုံး (ထောင်းထားပါ ။)
  • နနွင်းမှုန့် (အနည်းငယ်)
  • အရောင်တင်မှုန့် (အနည်းငယ်)
  • ဆား (အနည်းငယ်)
  • ဆီ (အနည်းငယ်)
  • နံနံပင် (အနည်းငယ်)
  • ငရုတ်သီးစိမ်းအပွ – ၄ ၊ ၅ တောင့်

ပြုလုပ်နည်း

  1. အိုးထဲတွင် ဆီ အနည်းငယ် ထည့်၍ ပါးပါးလှီးထားသော ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ နနွင်းမှုန့် ၊ အရောင်တင်မှုန့် တို့နှင့် ဆီသတ်ပါ ။
  2. ကြက်သွန်နီ အရောင်ပြောင်း၍ မွှေးလာလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီး ကို ထည့်၍ အနည်းငယ် နွမ်းသွားသည်အထိ ထားပါ ။
  3. ပြီးလျှင် ပဲပုတ်အစိုကို ထည့်၍ အနှစ်များနှင့် နှံ့စပ်အောင် မွှေပါ ။ ရေ အနည်းငယ် ထည့်၍ အိုးအဖုံးကို အုပ်ထားပါ ။
  4. ရေခမ်းသွားလျှင် အပေါ့အငံမြည်း၍ ဆား အနည်းငယ် ထည့်ပြီး ငရုတ်သီးစိမ်းအပွကို နှစ်ခြမ်းခွဲ၍ ထည့်ပြီး နံနံပင်အုပ်၍ သုံးဆောင်နိုင်ပါပြီ ။
  5. အချိုမှုန့် လုံးဝ မထည့်ပါ ။ မိမိကြိုက်နှစ်သက်ပါက ထည့်၍ စားသုံးနိုင်ပါသည် ။

MyFood Myanmar