ရှမ်းခေါက်ဆွဲ

Share this on:

ရှမ်းခေါက်ဆွဲ3

ရှမ်းခေါက်ဆွဲ2

ရှမ်းခေါက်ဆွဲ1

 

ပါဝင်ပစ္စည်းများ

  • ကြက်သား
  • ရှမ်းခေါက်ဆွဲအဖတ် ဆန်ဖွယ်
  • ပဲပုတ်အနှစ်
  • ကြက်သွန်ဖြူ
  • ဆီတို့ဖူး
  • ထန်းညက်ရေ
  • မြေပဲထောင်း
  • နှမ်းထောင်း
  • ကြက်သွန်မိတ်
  • ရှာကော်ပါကော်
  • ရွှေပဲရွက်
  • ဆီ
  • ဝက်ခေါက်ကျော်
  • တို့ဖူးကျော်
  • မုန်ညှင်းချဉ်

ပြုလုပ်နည်း

  1. ရှမ်းခေါက်ဆွဲ အဖတ် ဆန်ဖွယ်ကို ရေစိမ်ထားပါ ။  ဆန်စီးဖတ်ဆို မစိမ်ပါ ။
  2. ကြက်သား အတုံးလေးတွေ ကို ရှမ်းခေါက်ဆွဲ လုပ်စားတဲ့ ပဲပုတ်အနှစ်နဲ့ ချက်ပါ ။
  3. တစ်ချို့ က ဆီတို့ဖူး ချက်ထားပါတယ် ။
  4. ကြက်သွန်ဖြူကို ဆီသတ်ပါ ။
  5. ထန်းညက်ရေ ကို ပစ်ပစ်လေး ကျိုထားပါ ။
  6. မြေပဲထောင်း ၊ နှမ်းထောင်း ထားပါ ။
  7. ကြက်သွန်မိတ်ကို လှီးထားပါ ။
  8. ရှာကော် ပါကော် ဆီမွှေး လုပ်ထားပါ ။
  9. ရွှေပဲရွက် ရှိရင် ပြုတ်ထည့်ပါ ။
  10. ရေစိမ် ထားတဲ့ ခေါက်ဆွဲကို ပြုတ်ထားပါ ။
  11. ပုဂံတည်း မထည့်ခင် ရှာကော် ပါကော် ဆီ ၊ ဆားလေး ထည့်ထား ပြီးမှ မွှေပေးပြီး လိုအပ်သလို ပြင်ဆင်စား နိုင်ပါပြီ ။
  12. ဝက်သား စားသူများ ဝက်ခေါက်ကျော် ၊ တို့ဖူးကျော် ၊ မုန်ညှင်းချဉ် ၊  ကြက်ရိုးဟင်းချို တို့နဲ့ ထွဲဖတ် စားနိုင်ပါတယ် ။
စားကောင်းကြ ပါစေရှင် ။

Credit : Moe Nge Nge

Review

User Rating

3 (1 Votes)