ထမင်း - Rice Dishes | ရှမ်း - Shan

ရှမ်း ထမင်းဝါ

June 28, 2016

ရှမ်း ထမင်းဝါ

Share this on:

ပါဝင်ပစ္စည်းများ

  • ဆန်
  • နနွင်း
  • ဆား
  • ကြက်သွန်ဖြူ / ကြက်သွန်နီ
  • ခရမ်းချဉ်သီး (ကြိတ်ထားပါ)
  • ရှမ်းပဲပုတ်အမှုန့်
  • ငြုပ်သီးတောင့် အခြောက် (ကြော်ထားပါ)
  • ဂျူးမြစ်

ပြုလုပ်နည်း

  1. ဆန်ကိုရေဆေးပြီး နနွင်းမှုန့် ၊ ဆားအနည်းငယ် တို့ကို ထမင်းပေါင်းအိုးဖြင့် ရေအနည်းငယ် ပိုထည့်ကာ ချက်ပါ ။ ရှမ်းဆန် သုံးပါက ပိုကောင်းပါသည် ။
  2. ထမင်းကျက်ပါက (အာလူးကြိုက်လျှင် ပြုတ်ပြီး ထမင်းနှင့် အတူတူရောပြီး) အလုံးလေး လုံးပါ ။ လက်ကို ထမင်းများ မကပ်အောင် ဆီကျက်လူးပြီး လုံးပါ ။
  3. အနှစ်အတွက် ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို အရင်နွန်းအောင် ကြော်ပါ ။ ထိုနောက် ခရမ်းချဉ်သီး ၊ ရှမ်းပဲပုတ်အမုန့် ၊ ဆားအနည်းငယ် ၊ ဟင်းခပ်မုန့် အနည်းငယ် တို့ကို ထည့်ပါ ။ အပေါ့ အငန် ကိုလိုသလို ထည့်ပါ ။
  4. ပြီးလျှင် ဂျူးမြစ် ၊ ငြုပ်သီးခြောက် တို့နှင့် သုံးဆောင်နိုင်ပါပြီ ။
  5. ဂျူးမြစ်လေးကို ငြုပ်သီး ၊ ပုဇွန်ခြောက် တို့နှင့် ကြော်စားနိုင်သလို အချဉ်ရည်ဟင်းထဲ ထည့်စားလည့်း ကောင်းပါတယ် ။
Credit: Phyu Phyuhnin

Review

User Rating

5 (1 Votes)