လက်ကို ရေနွေးဖြင့် ဆေးသင့်လား (သို့) ရေအေးဖြင့် ဆေးသင့်လား။

ဆပ်ပြာနဲ့ ရေနွေးကို ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးပေးမယ့် အကောင်းဆုံးပေါင်းစပ်မှု တစ်ခုအဖြစ် ယုံကြည်ထား ကြပါတယ်။ သို့သော် လက် ဆေးကြော သန့်စင်ဖို့ ရေနွေးအသုံးပြုဖို့ တကယ် လိုအပ်ပါသလား။

Vanderbilt Institute for Energy and Environment က သုတေသန လက်ထောက်ပါမောက္ခ တစ်ဦးဖြစ်သူ Amanda R. Carrico က National Geographic ကို အခုလို ပြောပြခဲ့ပါတယ်။ အပူက ဘက်တီးရီးယား ပိုးမွှားများ သေစေတာ မှန်ပေမယ့် ဘက်တီးရီးယား သတ်ဖို့ ရေနွေး အသုံးပြုပါက မခံနိုင်လောက်အောင် ပူနွေးရတော့မှာပါ တဲ့။

အပူချိန် ၂၁၂ ဒီဂရီ ဖာရင်ဟိုက်ဖြင့် ပွတ်ပွတ်ဆူနေသော ရေကို ရောဂါပိုးတွေ နှိပ်နင်းဖို့ တခါတလေ အသုံးပြုပါတယ်။ လက်ဆေးဖို့ ရေနွေးသုံးတဲ့အခါ အပူချိန် ၁၀၄- ၁၃၁ ဒီဂရီဖာရင်ဟိုက်ကြားဖြစ်တာ များပါတယ်။ ပိုးမွားတချို့ကို သေစေနိုင်ပေမယ့် အကျိုးပြုသည့် ပိုးတွေကိုလည်း လောင်စေနိုင်ပါတယ်။ အနွေးဓာတ် ပိုတဲ့ရေနွေးက အရေပြား မခံနိုင် ဖြစ်ပြီး အကာအကွယ်ပေး အလွှာကို ထိခိုက်စေနိုင်ပါတယ်။ တကယ်တော့ လက်ကို ရေနွေးဖြင့် ဆေးရန် မလိုပါဘူး။ ရေအေးသာ အကောင်းဆုံးဖြစ်ပါတယ်။

Ref: Shefind
Trend myanmar