Recipes | အသုပ် - Salad

လက်ပံပွင့်သုပ်

December 12, 2015

လက်ပံပွင့်သုပ်

Share this on:

လက်ပံပွင့်ချိန်ဆိုရင် အညာမှာ အင်မတန်ပေါတဲ့ လက်ပံပွင့် နီနီရဲရဲတွေကို ပင်လုံးကျွတ် ပွင့်နေတာ တွေ့ရမှာပါ။ အညာသား၊ အညာသူတွေ ကတော့ လက်ပံပွင့်တွေကို ကောက်ပြီး အခြောက်လှမ်းကာ အသုပ်၊ အချဉ်ရည်ဟင်း၊ ဟင်းထဲမှာလည်း ခပ်စားတတ်ကြပါတယ်။

ပါဝင်ပစ္စည်း

  • လက်ပံပွင့်ခြောက်
  • မြေပဲဆန်
  • ကြက်သွန်နီ
  • ခရမ်းချဉ်သီး
  • ငရုပ်သီးစိမ်း
  • ငံပြာရည်
  • ပုဇွန်ခြောက်
  • ဆီချက်
  • ဆား
  • သံပုရာသီး

ပြုလုပ်နည်း

  1. လက်ပံပွင့်ခြောက်တွေကို ပြုတ်ပြီး ရေအေးအေးမှာ စင်အောင်သေချာ ဆေးပါ။(စင်အောင်မဆေးရင် သဲတွေ ပါတတ်ပါတယ်။)
  2. ဆေးထားတဲ့ လက်ပံပွင့်တွေကို ရေညှစ်ပြီး ပါးပါးလှီးပါတယ်။
  3. ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းတို့ကို ပါးပါးလှီးထည့်ပြီး ငံပြာရည်၊ ပုဇွန်ခြောက်၊ ဆီချက်၊ ဆား၊ မြေပဲဆန်၊ သံပုရာသီး တို့နဲ့ နယ်လိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ လက်ပံပွင့်သုပ်ကို စားရန် အဆင်သင့် ဖြစ်ပါပြီ။
Credit: အစိမ်းရောင်လွင်ပြင်

Review

User Rating

0 (0 Votes)