သင်ဟာ နေ့တိုင်း လက်ဖက်ရည်ကြမ်းကို သောက်သုံးသူဆိုရင်တော့ ကျန်းမာရေးနဲ့ အညီ စားသောက်သူ တစ်ယောက်ဖြစ်ဖို့ အခွင့်အရေး ရှိပါတယ်။ လက်ဖက်ရည်ကြမ်း သို့ ရေနွေးကြမ်းဟာ မြန်မာတွေအတွက်တော့ တကူးတက လုပ်နေစရာမလိုတဲ့ ရိုးရာလို့တောင် ပြောလို့ ရနေပါပြီ။ အိမ်တိုင်းမှာ ရေနွေးအိုး တစ်အိုးနဲ့ လက်ဖက်ခြောက် ခတ်ထားတဲ့ ရေနွေးအိုး တစ်လုံးတော့ ရှိကြစမြဲပါ။ ဒီလို လက်ဖက်ရည် အပြင် နိုင်ငံခြားကနေဝင်တဲ့ Tea အထုပ်လေးတွေကိုလည်း သောက်ကြပါတယ်။

ဒီလို သောက်တဲ့အကျင့်က ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတဲ့ အချက်တွေကို မျှဝေချင်ပါတယ်။

  • လက်ဖက်ရည်ကြမ်း နေ့စဉ်သောက်ပေးခြင်းဟာ ဆီးချိုရောဂါ ဖြစ်စေမှုကို လျော့ချပေးပါတယ်။
  • အစာချေစနစ်ကို ကောင်းမွန်စေပြီး အူအတွင်းမှာ ရှိတဲ့ မကောင်းတဲ့ ပိုးတွေကို သေစေနိုင်ပါတယ်။ ဒါကြောင့် အစားအစာတွေ စားပြီးတဲ့အခါတိုင် ရေခဲရေသောက်တာထက် ရေနွေးသောက်ပေးပါက အစာကြေလွယ်စေပါတယ်။

  • လက်ဖက်ရည်ကြမ်းမှာ ပါဝင်တဲ့ Antioxidants ဟာ ကင်ဆာဖြစ်စေနိုင်စွမ်းကို လျော့ချပေးနိုင်ပါတယ်။
  • သွေးအတွင်းမှာ ရှိတဲ့ ကိုလက်စထရောကို အခြေခံအားဖြင့် လျော့ချပေးပြီး နှလုံးရောဂါနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။
  • လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သုံးခြင်းဖြင့် ဆီးကျောက်တည်ခြင်းနဲ့ ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုကို နည်းပါးစေနိုင်ပါတယ်။

  • လက်ဖက်ရည်ကြမ်းဟာ မကောင်းတဲ့ ပိုးမွှားတွေကို သေစေနိုင်ပြီး ကောင်းမွန်တဲ့ ပိုးတွေ ရှင်သန်စေနိုင်ပါတယ်။
  • နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် အရိုးတွေကို သန်မာစေနိုင်ပြီးတော့ အရိုးပွခြင်းကို ကာကွယ်နိုင်ပါတယ်။
  • ဒါအပြင် လက်ဖက်ရည်ကြမ်း မှာ ဆိုဒီယမ်ပါဝင်မှု နည်းပါးတာကြောင့် ကိုယ်အလေးချိန် လျော့ချဖို့ ကူညီနိုင်ပါတယ်။

  • အသားအရေကောင်းမွန်စေနိုင်တဲ့ ဗီတာမင် B2, C,E နဲ့ အခြား သတ္တုဓာတ်တွေအပြင် ပိုတက်ဆီယမ်နဲ့ ဇင့်တွေပါ ပါဝင်ပါတယ်။
  • ကဖိန်းဓာတ်နဲ့ Antioxidants တွေ ပါဝင်မှုကြောင့် ဆံပင်ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။

Credit: Zeenews