မနက်စာကို ဘာစားကြည့်ချင်ကြလဲ ။ ကျမကတော့  ရုံးလည်း ပိတ်တော့ လက်ဖက်ထမင်းလေးကိုကြော်ပြီး ကြက်ဥကြော်လေးနဲ့ လုပ်စားလိုက်တယ် ။ ပဲပြုတ်ထမင်းကြော်တော့ ဟုတ်ဘူးပေါ့နော် ။  ရေနွေးကြမ်း ကြိုက်တဲ့ ဖေဖေကြီး နဲ့ မေမေကြီးကတော့   ရေနွေးကြမ်းနဲ့ပေါ့ ၊ ကျမတို့ မောင်နှမတွေအတွက် ကတော့ လက်ဖက်ရည် ချိုဆိမ့်လေးနဲ့ ဆိုတော့ ရုံးပိတ်ရက်မှာ သာသာယာယာလေး ရှိသွားတာပေါ ။

ပါဝင်ပစ္စည်း

  • လက်ဖတ်သား
  • ဆီ
  • ထမင်း
  • ဆား
  • ကြက်ဥကျော်
  • အကျော်စုံ

ပြင်ဆင်ပြုလုပ်နည်း

  1. ဆီပျံဟင်းများ မစားချင်သူတွေ အတွက် လက်ဖတ်သားကို ကျေနေအောင် နယ်ထားပါ။ ဆီလေး ထည့်ပါ။
  2. နယ်ထားသော လက်ဖတ် ထည့်ပါ။
  3. ထမင်းထည့်ပါ ။  ဆားထည့်ပါ။
  4. လက်ဖတ်နံသင်းသင်းလေးးနဲ့ စားကောင်းပါတယ်။
  5. ကြက်ဥကျော် ၊ အကျော်စုံ၊ ရေနွေးးပူပူ လေးတစ်ခွက်နဲ့ တွဲဖတ် စားနိုင်ပါပြီ။

Credit: Moe Nge Nge