Recipes | အသုပ် - Salad

လပွတ္တာသခွားသီးသုပ်

December 15, 2015

လပွတ္တာသခွားသီးသုပ်

Share this on:

ပါဝင်ပစ္စည်းများ

  • သခွားသီးကြီးကြီး ၂လုံး
  • ငါးဗြက် ၁၀ကျပ်သား
  • ငရုတ်သီးစိမ်း ၁၀တောင့်ခန့်
  • သကြား အနည်းငယ်
  • သံပုရာသီး ၂လုံး
  • နံနံပင် အနည်းငယ်စီ
  • ရှောက်ရွက် အနည်းငယ်စီ
  • ဆား သင့်တော်သလို

ပြုလုပ်နည်း

  1. ပထမဆုံး ငါးဗြက်လေးတွေကို ရေဆေးသန့်စင်ပြီး အရသာအနည်းငယ် ထည့်နယ်ကာ ရေပါသည် ဆိုရုံလေးနှင့်ပြုတ်ပါ။
  2. ငါးကျက်သွားပြီဆိုရင် အသားထုတ်ပြီး လက်ကျန်အရည်လေးကို ဆန်ကာနှင့် စစ်ထားပါ။
  3. သခွားသီးကို စိန်ခလုတ်ခြစ်နဲ့ ခြစ်ပြီး ဖြစ်နိုင်ရင် ရေခဲမှုန့်လေးပက်ထားပါ။
  4. ငရုတ်သီးစိမ်းကို အနည်းငယ်မီးကင်(သို့) လှော်ပြီး ကြက်သွန်ဖြူနှင့် အတူ ရောထောင်းပါ။
  5. ရှောက်ရွက်၊ နံနံပင် တို့ကိုတော့ ပါးပါးလှီးပါ။
  6. ဇလုံတစ်ခုအတွင်းမှာ သခွားသီးကို ရေစင်အောင် ညှစ်ထည့်ကာ အသားနွှင်ထားသော ငါးဗြက်နှင့်အရည်၊ထောင်းထားသော ငရုတ်သီးအရော၊ ပါးပါးလှီးထားသော နံနံပင်တို့နှင့်အတူ ဆား၊ ဟင်းခတ်မှုန့်၊ သံပုရာရည် ညှစ်ထည့်ပြီး နှံ့အောင်နယ်ပေးပါ။
  7. ထမင်းနဲ့စားဖို့ အဆင်ပြေသလို အပျင်းပြေ သွားရည်စာအဖြစ်လဲ သုံးဆောင်နိုင်တဲ့ ချိုချဉ်မွှေးတဲ့ လပွတ္တာသခွားသီးသုပ်ပါ။
Credit: ဟင်းချက်နည်းများ

Review

User Rating

3.2 (6 Votes)