ကျန်းမာရေး - Health | စားသောက်ဖွယ်ရာများအကြောင်း - Food Stories

လူတွေကို အကျိုးများစေတဲ့ ရာသီစာ ကညွှတ်

June 11, 2016

လူတွေကို အကျိုးများစေတဲ့ ရာသီစာ ကညွှတ်

Share this on:

မိုးဦးကျမှာ ပေါတဲ့ ရာသီစာ တစ်မျိုးကတော့ ကညွှတ်ပါ။ အပင်စိမ်းစိမ်းလေးတွေနဲ့ ဈေးထဲမှာ ပေါပေါများများ တွေ့ခြင်းက အိမ်ရှင်မတွေ အတွက် ပျော်စရာပါ။ ဈေးလည်းသက်သာပြီး လတ်ဆတ်နေတဲ့ ကညွှတ်တွေကို ဒီရာသီမှာ စိတ်ကြိုက်စားလို့ ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ကညွှတ်ကို စိုစွတ်ပြီးထိုင်းမှိုင်းတဲ့ အရပ်ဒေသတွေ၊ တောင်ပေါ်ဒေသနဲ့ အေးတဲ့ဒေသတွေမှာ စိုက်ပျိုးလို့ ရပါတယ်။ အရသာကတော့ ဆိမ့်တဲ့ဘက်ကိုများပါတယ်။ သူ့ချည်း ကြော်စားလို့ ရသလို ပုဇွန်၊ ကြက်သားစသည်ဖြင့် အသားနဲ့လည်း ရောကြော်စားကြပါတယ်။ ဓါးပြားလေးနဲ့ ရိုက်ပြီး ကြက်သွန်ဖြူလေးနဲ့ ဒီအတိုင်း ကြော်စားရင်ပဲ အတော် အရသာ ရှိနေပါပြီ။

ကညွတ်မှာ လူတို့အား အကျိုးဖြစ်စေမည် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ကညွှတ်မှာ ပါတဲ့ ဓာတ်ပေါင်းစုတွေကြောင့် ပန်းနာရင်ကျပ်ကို သက်သာစေပါတယ်။ ပရိုတင်းအားဖြည့် ဓာတ် တစ်မျိုး ပါရှိတာကြောင့်လည်း အရိုးပွခြင်းနဲ့ အရိုးအဆစ် ရောင်ရမ်းခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဖောလစ်နဲ့ ဗီတာမင်အေ တို့က နှလုံးကို ကျန်းမာစေပြီး လေဖြတ်၊ လေဖြန်းခြင်းတို့ကိုပါ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ ဗီတာမင်အေ ကြွယ်ဝစွာ  ပါဝင်တဲ့အတွက် မျက်လုံး ကျန်းမာရေးကို ကောင်းမွန်စေပြီး အတွင်းတိမ် ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။
asp
ကညွှတ်ဟာ လူတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ပြုရာမှာ အဓိက ကင်ဆာကို သက်သာစေနိုင်တယ်လို့ လူအများ လက်ခံထားတဲ့ ဓာတ်စာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီးချိုသမားတွေကို ကာကွယ်ပေးတဲ့ အပြင် သွေးချိုသမာတွေပါ စားသုံးလို့ ရနိုင်တဲ့ ကညွှတ်ပါ။ သွေးပေါင်ချိန် ရုတ်တရက် မြင့်တက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကညွှတ်ရဲ့ သဘာဝ စွမ်းအင်တွေ အကြောင်းပြောရရင် ကုန်မယ်တောင် မထင်ပါဘူး။ ဆီးချိုသမားတွေ အတွက်ကတော့ နောက်ဆုံးလက်နက်လို့တောင် တင်စားပြီးခေါ်ကြပါတယ်။ ဒါ့အပြင် ကညွှတ်ဟာ အသည်းထဲက အဆိပ်တွေကို ထုတ်ပေးနိုင်စွမ်း ရှိတာကြောင့် အရက်ကို ကြာရှည်သောက်သုံးသူတွေဟာ ကညွှတ်ကို ပုံမှန် စားပေးသင့်ပါတယ်. အရက် အလွန်အကျွံသောက်လို့ မအီမသာ ဖြစ်မှုကိုလည်း သက်သာစေနိုင်ကြောင်း သုတေသီတွေက ပြောထားပါတယ်။

Credit: eatingwell

Review

User Rating

4.2 (5 Votes)