နံနံပင်ဟာ ကြိုက်သူတွေအတွက်တော့ အနံ့မွှေးစေပြီး မကြိုက်သူများအတွက်ကတော့ အနံ့ဟာ ပြင်းလွန်းစူးရှလွန်းလှပါတယ်။  နံနံပင်ကို မြန်မာပြည်မှာတော့ ဟင်းခတ်တဲ့ အရွက်အနေနဲ့သာ အသုံးပြုတာများပါတယ်။ မြန်မာအကြိုက် မုန့်ဟင်းခါးဆိုရင် နံနံပင် မပါမဖြစ် ထည့်စားကြပါတယ်။ အသားတွေ ငါးတွေ မညှီအောင် နံနံပင်လေး အုပ်ပြီးချက်ကြသလို အသုပ်တွေထဲမှာလည်း ထည့်စား ကြပါတယ်။

နံနံပင်ဟာ လူကြိုက်မညီပေမယ့် သူ့နေရာနဲ့သူတော့ အသုံးတည့်ပြီး ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးပါ။ ရှေးလူကြီးတွေကတော့ ဆေးလမ်းကြောင်းရောဂါတွေ အတွက် နံနံပင်ကို သုံးကြပါတယ်။ နံနံပင်ကို ဆီးအိမ်ရောင်ရမ်းခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေမှာ အသုံးပြုနိုင်တယ်လို့ သုတေသန ပြုသူတွေက ထောက်ခံကြပါတယ်။

ကျောက်ကပ်ဝေဒနာရှင်တွေ အတွက် ဆိုရင်လည်း နံနံပင်ကို ကြိုသောက်ပေးရင် သက်သာစေနိုင်တယ်လို့ သုတေသီတွေက ထောက်ခံထားပါတယ်။ နံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး  ရေတစ်ခွက်စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့်ပြီး ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည် တစ်ခွက်ကို အအေးခံပြီး သောက်ရပါတယ်။ အိန္ဒိယကနေအာရှအထိ ပျံနှံ့လာတဲ့ သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေးပညာရှင်များပါ လက်ခံအသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Ref: medicalfact