လ္ဘက်ထမင်းနယ်

Share this on:

ညနေခင်း အစာပြေ စားလို့ ကောင်းတဲ့ ထမင်းနယ်လေးပါ ။

ပါဝင်ပစ္စည်းများ

  • ထမင်း
  • လ္ဘက်ချဉ်စပ်နှပ်
  • ကြက်သွန်ကြော်
  • မြေပဲလှော်
  • ဆီ
  • ဆား
  • ပုဇွန်ခြောက်မူန့်
  • ခရမ်းချဉ်သီး
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငါးနီတူခြောက်ကြော်ရွရွလေး
  • ရေနွေးကြမ်းပူပူလေး

ပြုလုပ်နည်း

  1. အိမ်မှာ လ္ဘက်ချဉ်စပ်နှပ်ကို ထမင်းပေါ်တွင် ထည့်ပြီး  ကြက်သွန်ကြော် ၊  နှမ်း ၊ မြေပဲလှော် ၊ ဆီ ၊  ဆား  ၊ ပုဇွန်ခြောက်မူန့် ထည့်ပြီး  အားလုံး သမအောင် နယ်ပါ ။
  2. လ္ဘက် ထမင်းပေါ်က ခရမ်းချဉ်သီး ၊  ကြက်သွန်နီ ပါးပါးလှီး ထည့်ပါ ။
  3. ကြက်သွန်ဖြူ ၊ ငါးနီတူခြောက်ကြော် ရွရွလေးကို တပုံစီ ပုံပြီး ရေနွေးကြမ်း ပူပူလေးနဲ့ သုံးဆောင်ကြည့်ပါ ။
Credit: Ohnmar Kyi

Review

User Rating

1 (1 Votes)