ဝက်သား - Pork | အသုပ် - Salad

ဝက်နားရွက်သုပ်

July 6, 2016

ဝက်နားရွက်သုပ်

Share this on:

ဝက်နားရွက်သုပ်

4

3

ပါဝင်ပစ္စည်းများ

  • ဝက်နားရွက်
  • ပဒဲကော လက်တဆစ်ခန့် (ကွဲရုံထုထားပါ)
  • နာနတ်ပွင့် ၃ ပွင့်
  • လေးညှင်းပွင့် ၄ ပွင့်
  • တရုပ်မဆလာ အနည်းငယ်
  • ငရုတ်ကောင်းစေ့ အဖြူ အနည်းငယ်
  • ငရုတ်သီးအစိမ်း ၁၅ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၈ မွှာ (သေးသေး ၊ ပါးပါးလှီးထားပါ)
  • ငံပြာရည် အနည်းငယ်
  • သကြား အနည်းငယ်
  • ဆား အနည်းငယ်
  • ရှာလကာရည် (သင့်တော်သလောက်)
  • တရုတ်နံနံ အနည်းငယ်
  • သခွါးသီး ၁ လုံး (အတုံး သေးသေးတုံးထဲပါ)
  • ဆလပ်ရွက် အနည်းငယ်
  • နှမ်းဆီ ၃ စက်
  • Maggi Seasoning Sauce

ပြုလုပ်နည်း

  1. အိုးထဲတွင် ဝက်နားရွက်ကို ပဒဲကော ၊ နာနတ်ပွင့် ၊ လေးညှင်းပွင့် ၊ ငရုတ်ကောင်းစေ့ အဖြူ ၊ Maggi Seasoning Sauce ၊ ဆားတို့နှင့် ရေကို ဝက်နားရွက် ဖုံးရုံ ထည့်၍ မီးအေးေးဖြင့် ပြုတ်ပါ ။
  2. အချဉ်ရည်အတွက် ငရုတ်သီးအစိမ်း ၊ ကြက်သွန်ဖြူ ၊ ငံပြာရည် ၊ သကြား ၊ ဆား နှင့် ရှလကာရည်တို့ကို ချဉ်ငံစပ် အရသာ ရအောင် ဖျော်ထားပါ ။
  3. ဝက်နားရွက် ကျက်သည့်အခါ မထူမပါး လှီး၍ သခွါးသီး ၊ ဆလပ်ရွက် ၊ တရုတ်နံနံ ၊ အချဉ်ရည်နှင့် နှမ်းဆီ ၃ စက် ထည့်၍ သုပ်ပါ ။
  4. အရသာ အချဉ် အစပ် အပေါ့ အငံ မြည်း၍ သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

4.3 (6 Votes)