ဝက်သား - Pork | အသုပ် - Salad

ဝက်နားရွက်သုပ် (စီချွမ်ပုံစံသုတ်)

August 20, 2016

ဝက်နားရွက်သုပ် (စီချွမ်ပုံစံသုတ်)

Share this on:

14037964_10154722881938132_1436239943_o

ပါဝင်ပစ္စည်းများ

  • ဝက်နားရွက် - တခြမ်း
  • နာနတ်ပွင့် - ၂ ပွင့်
  • ပဲငပိအစပ် - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ပဲငံပြာရည်အကြည် - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ရှလကာရည် (အညိုရောင်) - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ကြက်သွန်ဖြူ - ၂ မွှာ (တောက်တောက်စင်းထားပါ)
  • စီချွမ်း ငရုပ်ကြမ်းမှုန့်ကြော်ဆီ - လိုသလောက်
  • သကြား - အနည်းငယ်
  • ဆား - အနည်းငယ်
  • ငရုပ်ကောင်းမှုန့် - အနည်းငယ်
  • နှမ်းလှော် - များများ

ပြုလုပ်နည်း

  1. ဝက်နားရွက်ကို သန့်စင်ပြီး ရေဆေးပါ ။
  2. ရေဆေးထားသော ဝက်နားရွက်ကို နာနတ်ပွင့် ၊ ဆား ၊ ငရုပ်ကောင်းမှုန့် ၊ သကြား တို့ထည့်ပြီး ရေကို မြှပ်ရုံ ထည့်ပြီး ပြုတ်ပါ ။ နူးအိနေအာင် မပြုတ်ရပါ ။ ခပ်ဆပ်ဆပ် အနေဆို ရပါပြီ ။
  3. ပြုတ်ထားသည့် ဝက်နားရွက်ကို အအေးခံပါ ။ အေးသွားလျင် ခပ်မထူမပါး ရှည်ရှည်လှီးထားပါ ။
  4. ဇလုံထဲတွင် လှီးထားသော ဝက်နားရွက် ၊ ပဲငပိအစပ် ၊ ကြက်သွန်ဖြူ ၊ ပဲငံပြာရည်အကြည် ၊ ရှလကာရည် (အညိုရောင်) ၊ သကြား ၊ ဆား ၊ စီချွမ်း ငရုပ်ကြမ်းမှုန့်ကြော်ဆီ ၊ နှမ်းလှော်တို့နှင့် နှံ့စပ်အောင်သုပ်ပါ ။
  5. အပေါ့အငံ မြည်းရ်ျ အနံ့အရသာနှင့် ပြည့်စုံသည့် စီချွမ် ဝက်နားရွက်သုပ်လေး သုံးဆောင်နိုင်ပါပြီ ။
  6. အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။

Review

User Rating

5 (1 Votes)