ဝက်နံရိုးကော်ရည်

Share this on:

ပါဝင်ပစ္စည်းများ

  • နံရိုး
  • ဆား
  • ပဲငံပြာရည်အကြည်/အနောက်
  • ဂျင်း
  • သကြား
  • ထီးမှို
  • ကော်မှုန့်
  • တရုတ်မာဆလာ
  • မုန်ညုင်း
  • နှမ်းဆီမွှေး
  • ကြက်သွန်ဖြူကြော်

ပြင်ဆင်ပြုလုပ်နည်း

  1. နံရိုးကို ဆား ၊ ပဲငံပြာရည်အကြည်/အနောက် ၊ ဂျင်း ၊ သကြားတို့နဲ့ နာရီဝက်နှပ်ပြီးမှ ရေအနည်းငယ်ထည့်ပြီး ဝက်သားနူးသည်ထိ ချက်ပါ ။
  2. ရေစိမ်ထားတဲ့ ထီးမှိုကိုထည့်ပါ ။ ကျက်ရင် ကော်မှုန့်အနည်းငယ် ရေဖျော်ထည့် တရုတ်မာဆလာပါ အနည်းနည်းထည့်ပါ ။ မုန်ညုင်းကို ရေဆူဆူမှာ ဆားထည့်ပြုတ်ပြီး ရေညစ်ကာ နှမ်းဆီမွှေးအနည်းငယ်နဲ့ နယ်ထားတဲ့ မုန်ညုင်းကိုထည့် ၊ နံရိုးကော်ရည် ထည့်ပြီး ကြက်သွန်ဖြူကြော်ထောင်းပြီး ဖြူးကာ ထမင်းနဲ့ပဲ စားစား ခါက်ဆွဲနဲ့ပဲစားစား သုံးဆောင်နိုင်ပါပြီ ။
Credit: Khin Aye Hla

Review

User Rating

0 (0 Votes)