ဝက်ပင်စိမ်း

Share this on:

Pork and Vegetable 1

ပါဝင်ပစ္စည်းများ

  • ဝက်သား
  • ပင်စိမ်း
  • ငရုပ်သီးစိမ်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်
  • ပဲငံပြာရည်အပျစ်

ပြင်ဆင်ပြုလုပ်နည်း

  1. ဝက်သားများအား အတုံးကလေးများ ပြုလုပ်ထားပါ ။ ပင်စိမ်းများ ခြွေထားပေးပါ ။ ငရုပ်သီးစိမ်းများအား ဓါးပြားရိုက်ပါ ။ ကြက်သွန်ဖြူ များကိုလည်း ဓါးပြားရိုက်ပေးပါ ။
  2. ပထမဦးစွာ ကြက်သွန်နှင့် ဝက်သားအတုံးကလေးများအား ဆီသက်ပါ ။ အသားများ ၇၅%လောက် ကျက်သွားပါက   ဆော့စ်များအား လောင်းထည့်ပေးပါ ။ ငရုပ်သီးစိမ်းများအား ထည့်ပါ ။ ပင်စိမ်းအချို့  တဝက်အား ထည့်ပေးပါ ။ အရိုးပြုတ်ရေ ထည့်ပါ ။ ငရုပ်ကောင်း ထည့်ပါ ။ အဆက်မပျက် မွှေပေးပါ ။ ကျက်သွားပြီဆိုပါက ဆီပူပူတွင်ေ ကြော်ထားသော ပင်စိမ်းများအား အပေါ်မှ တင်ကာ အလှဆင်နိုင်ပါသည် ။ တစ်ချို ကတော့ အရောင်လှအောင် ပဲငံပြာရည်အပျစ်ကို သုံးတတ်ကျပါတယ် ။
Sauce တွေကတော့

  • ခရုဆီ ၃ဇွန်းကြီး
  • သကြား ၁ဇွန်းသေး
  • အချို မှုန့် ၂ဇွန်းသေး
  • ကြက်သားမှုန့် ၃ဇွန်းသေး
  • ငရုပ်ကောင်းမှုန့် ၁ဇွန်းသေး
  • အရိုးပြုတ်ရေ အနည်းငယ်

    Credit: သံယောဇဉ်
  • Review

    User Rating

    5 (2 Votes)