အားလုံးပဲ မင်္ဂလာပါ။ ယခုတစ်ခါမှာတော့ မိုးအေးအေးလေးနဲ့ လိုက်ဖက်မယ့် စွပ်ပြုတ်ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ အများစုနည်းပါးကြိုက်ကြတဲ့ ဝက်သားကိုမှ ဝက်လက်ပေါင်းစွပ်ပြုတ်ဆိုတာကြောင့် ပိုပြီးစားလို့ကောင်းမှာ အသေအချာပါ။

ပါဝင်ပစ္စည်းများ

ဝက်လက် ၁ချောင်း (၅၀သားခန့်)

ဆား အနည်းငယ်

သကြား ၁ဇွန်း (သေး)

နာနတ်ပွင့် ၁ပွင့်

ခရုဆီ ၁ဇွန်း (သေး)

ပဲငံပြာရည်အနောက်

ငရုတ်ကောင်း အနည်းငယ်

နှမ်းဆီမွှေး

ကြက်သွန်မိတ် ၃ပင်

ထိုက်ဝမ်မုန့်ညှင်း ၂ပင်

မုန့်ညှင်းစိမ်း

ကြက်သွန်ဖြူ ၄မွှာ

ဂျင်း ၂ပြား

ပြုလုပ်နည်း

ဝက်လက်ကို အတုံးကြီးကြီးတုံး ရေဆေး၍ ရေစစ်ထားပြီး ဆား၊ ငရုတ်ကောင်း၊ ပဲငံပြာရည် ဇွန်းသေး ၁ ဝက်ထည့်နယ် ထားပါ။

ဆီဇွန်းသေး ၁ဇွန်းခန့်ထည့်ပြီး သကြားထည့်မွှေကာ နယ်ထားသော ဝက်လက်ထည့်၍ ၃မိနစ်ခန့်မွှေ၍ချပါ။

Pressure Cooker ထဲသို့ ကြက်သွန်ဖြူ၊ ဂျင်း ဓားပြားရိုက်၊ ခရုဆီ၊ နာနတ်ပွင့် ၊ ပဲငံပြာရည် ဇွန်းသေး ၁ ဝက် ငရုတ်ကောင်းစေ့ ၃စေ့ခန့် ထည့်၍ ဆူအောင်တည်ပါ။

ဆူလာလျှင် ဝက်လက်ကို ဆီစစ်၍ အိုးထဲထည့် ၍ မိနစ် ၄၀/၄၅ မိနစ်ခန့် တည်ပါ။ ရလျှင် ထိုင်ဝမ်မုန့်ညှင်း၊ မုန့်ညင်းစိမ်း၊ နှမ်းဆီမွှေး ထည့်၍ ချပါ။

စားမည့်ပန်းကန် ထဲကို ကြက်သွန်မြိတ်ပါးပါး ၊ ငရုတ်ကောင်း၊ ကြက်သွန်ကြော် ထည့်ပြီး ဟင်းရည်ပူပူလောင်းထည့်၍ စားသုံးနိုင်ပါပြီ။

Credit: ‎ချက်ကြည့်ကြစို့‬