ဝက်သား ကြိုက်တဲ့သူတွေအတွက် ဝက်သားကင်တစ်မျိုး နဲ့ မိတ်ဆက် ပေးပါရစေနော်။ ရိုးရိုးရှင်းရှင်းလေးနဲ့ လုပ်လို့ လွယ်ကူလှပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်ကြိတ်သား – ၅၀၀ ဂရမ်
  • ကြက်သွန်နီ – ပါးပါးလှီးပါ၊
  • စပါးလင် – လိုသလောက်
  • ဆန်လှော်မှုန့် – ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • ပူစီနံ – အနည်းငယ်
  • ကြက်သွန်ဖြူ – အနည်းငယ် (တောက်တောက်စင်းထားပါ)
  • အရသာမှုန့် – အနည်းငယ်
  • သကြား – အနည်းငယ်

ပြုလုပ်နည်း

  1. ပါဝင်သော ပစ္စည်းများ အားလုံးကို ရောနှယ်ပါ။
  2. ပြီးလျှင် စပါးလင် ၁ ချောင်းကို အလယ်မှ ခွဲပြီး နယ်ထားသော အသားကို လုံးပြီး ထည့်ပါ ။ ပြီးလျှ င် မီးသွေးမီးဖို ပေါ်မှ ကင်ပါ ။
  3. အနံ့အရသာနှင့် ပြည့်စုံသော ဝက်သားကင်လေး ရပါပြီ ။

Credit: N&S Food House

ဝက်သားကင် ၁