ပါဝင်ပစ္စည်း

ဝက်သား နှစ်ဆယ်သားလောက်

ထမင်းအေးး လက်တဆုပ်

ဂျင်း

ကြက်သွန်ဖြူ

ဆား

အချိုမှုန့်

ပြုလုပ်နည်း

ဝက်သား နှစ်ဆယ်သားလောက် နဲ့ ထမင်းအေးး လက်တဆုပ် ၊ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ဆား ၊ အချိုမှုန့် တို့ကို စက်ထဲ ထည့်ပြီး မွှေပါ။

အိပ်ကြွပ်နဲ့ ထည့်ပတ်ပြီး လေလုံ ဗူးထဲထည့်ပြီး အပြင်မှာ တရက် ၊ ရေခဲသေတ္တာထဲ နှစ်ရက် ထားပြီး၊ ဆီပြန်ကြော် လိုက်ပါတယ်။ စားကောင်းပါတယ် အချဉ်လဲ အနေတော် ပါပဲ။

Credit: Daw Suu Suu