Recipes | ဝက်သား - Pork | ဟင်း - Curry

ဝက်သားစင်းကောအစပ်ချက်

December 13, 2015

ဝက်သားစင်းကောအစပ်ချက်

Share this on:

ပါဝင်ပစ္စည်း

  • ဝက်သားအသား (တောက်တောက်စင်းထားပါ)
  • ဂျင်း.
  • စပါးလင်
  • ကြက်သွန်နီ.ဖြူ
  • ခရမ်းချဉ်သီး
  • ငရုတ်ပုနှစ်
  • ဆား
  • ဆနွင်း.
  • ငံပြာရည်
  • Dashi မှုန့်
  • မဆလာ
  • ငရုတ်သီးစိမ်း
  • နံနံပင်

ပြုလုပ်ပုံ

  1. စင်းထားသော ဝက်သားကို ဆား၊ ဆနွင်း၊ Dashiမှုန့်၊ ဂျင်း၊ စပါးလင်ရည်အနည်းငယ်၊ ငံပြာရည်နယ် ထားပါ။
  2. ကြက်သွန်နီကို အကွင်းလှီးထားပါ။
  3. ခရမ်းချဉ်သီး အရွယ်တော် တုံးထားပါ။
  4. ကြက်သွန်ဖြူ စိပ်ထားပါ။
  5. ဂျင်း၊ စပါးလင် ထောင်းထားပါ.
  6. ဒယ်အိုးထဲ ဆီပူလာလျှင် ဂျင်း၊ စပါးလင် ထောင်းထားတာထည့်ရ်ျ ကြက်သွန်ဖြူ ငရုတ်နှစ်ထည့် ဆီသတ်ပါ ။
  7. ပြီးလျှင် ကြက်သွန်နီ၊ ခရမ်းချဉ်သီးထည့်ပါ။
  8. အနည်းငယ်နွမ်းလာလျှင် ဝက်သားထည့်လုံးပါ။ ပြီးလျှင် မဆလာ အုပ်ရ်ျ မွှေးလာလျှင် အသားကျက်အောင် ရေထည့်ရ်ျ ဆီပြန် သည် အထိ ချက်ပါ။
  9. အပေါ့အငံမြည်းရ်ျ အရသာ စိတ်ကြိုက် ပြင်ပါ။
  10. ဆီပြန်လျှင် ငရုတ်သီးစိမ်း၊ နံနံပင်အုပ်ပါ။
  11. သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Credit: Yadana Cooking

Review

User Rating

3 (3 Votes)